Pages

Saturday, October 25, 2014

သုံးခွဆေးရုံတွင် အတက်ရောဂါဖြင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်

RangonNewsDaily:: October . 24 .2014
၂၃.၁၀.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန် သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သုံးခွဆေးရုံတွင် အမျိုးသမီးတစ်ဦး သတိလစ်ရောက်ရှိလာပြီး သေဆုံး
သွားကြောင်းသတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ သေဆုံးသူမှာ မဝူးမား (၁၉)နှစ်ဖြစ်ပြီး ၎င်းသည် အတက်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ မဝူးမားသည် အပြင်မှ နေအိမ်သို့ပြန်လာစဉ်နေအိမ်ပေါ်သို့ အရောက်၌ ရုတ်တရက်
 တက်ကာသတိလစ်သွားခဲ့သဖြင့် သုံးခွဆေးရုံသို့ပို့ဆောင်စဉ် သေဆုံး သွားခြင်းဖြစ်ကြောင်းနှင့် ၄င်းမှာ ယခင်ကလည်း အကြိမ်ကြိမ်တက်ခဲ့ဖူးကြောင်းကို စုံစမ်းသိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သုံးခွမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၃၄/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment