Pages

Saturday, October 25, 2014

မြောက်ဥက္ကလာပမြို့နယ်တွင် လမ်းဖြတ်ကူးသူကို ယာဉ်တိုက်ခံရသဖြင့် ဒဏ်ရာရ

RangonNewsDaily:: October . 24 .2014
၂၃.၁၀.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရှုခင်းသာ
လမ်းအတိုင်း မြောက်မှတောင်သို့ မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း သိန်းထိုက် (၃၄)နှစ် မောင်းနှင် လာသော 8L--- ကင်တာအဖြူရောင် အငှားယာဉ်သည် (င)ရပ်ကွက်၊ အလောင်းဘုရား လမ်းထိပ်အရောက် လမ်းဖြတ်ကူးသူ မနွယ်နွယ်ဝင်း (၃၁)နှစ်အား ဝင်ရောက်တိုက်မိခဲ့ပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပျက်စီးသွားခဲ့ပြီး ယာဉ်တိုက်ခံရသူ မနွယ်နွယ်ဝင်းတွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသ
ခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သိန်းထိုက်အား
မြောက်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၆၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment