Pages

Wednesday, August 13, 2014

ကမ္ဘာ့လူငယ် ရာခိုင်နှုန်း ၂၀ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရဟု လူငယ်များနေ့ တွင် UNFPA ထုတ်ပြန်



 ရန်ကုန်မြို့ရှိ လူငယ်အများအပြားကို တွေ့နိုင်သည့် လှည်းတန်းလမ်းမ တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်
RangonNewsDaily:: August . 13 .2014
ကမ္ဘာ့လူငယ်များ၏ ရာခိုင်နှုန်း ၂၀ သည် စိတ်ပိုင်းဆိုင်ရာရောဂါများ ခံစားနေရသည်ဟု ကုလသမဂ္ဂ လူ

ဦးရေရန်ပုံငွေအဖွဲ့က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ Dolphin စားသောက်ဆိုင်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လူ
ငယ်များနေ့ အခမ်းအနားတွင် ထိုသို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက လူငယ်တွေကြားမှာလည်း ဒီထက်မနည်းတဲ့ အရေအတွက်နဲ့ စိတ်ကျရောဂါခံစားနေရ

မှာပဲဆိုတာ ကျွန်တော်တို့ လေ့လာချက်အရ တွေ့ရပါတယ်” ဟု UNFPA လက်ထောက်ဌာနေ ကိုယ်စား
လှယ် ဒေါက်တာ နေ၀င်းက ပြောသည်။

ထိုသို့ စိတ်ရောဂါခံစားနေရသူများတွင် သိသာသော စိတ်ရောဂါဝေဒနာရှင်များနှင့် မသိသာသော စိတ်ဝေ

ဒနာရှင်အားလုံး ပါဝင်ပြီး အသက် ၁၄ နှစ် နှင့် ၂၅ နှစ်ကြား လူငယ်များကို စစ်တမ်းကောက်ယူ
ထားခြင်းဖြစ်သည်ဟု ဆိုသည်။

စိတ်ကျရောဂါနှင့် ပတ်သက်၍ တစ်နှစ်လျှင် လူဦးရေ ၇၁,၀၀၀ ခန့် မိမိကိုယ်ကို သတ်သေမှုများ ဖြစ်ပေါ်လျက်

ရှိသည်ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်နီလာကြူက ဆိုသည်။

“စိတ်ကျရောဂါ ခံစားနေရမှုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အမျိုးမျိုးသော မသန်စွမ်းမှုတွေ ဘ၀အချိုး

အကွေ့ အမှားအယွင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်းခြောက်ဆယ်ကျော်အနက် ၂၆ သန်းသည် လူငယ်များဖြစ်ပြီး ယင်းလူငယ်များ

၏ ၂၅ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေသည်ဟု UNFPA က ဆိုသည်။

နိုင်ငံတကာ လူငယ်များနေ့ကို မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယင်းအခမ်းအနား

တွင် လူငယ်များခံစားနေရသော စိတ်ပိုင်းဆိုင်ရာအခက်အခဲများ "Mental Health Matter" ခေါင်းစဉ်ဖြင့်
UNFPA လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေ၀င်း၊ ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနမှူး ပါမောက္ခဒေါ်နီလာကြူ၊ စာရေးဆရာမ ပုညခင်၊ စာရေးဆရာလူနေတို့ ဆွေးနွေးခဲ့ကြသည်။

Mizzima - News , KOLATT(PBDN)
RangonNewsDaily


 

0 comments:

Post a Comment