Pages

Wednesday, August 13, 2014

နိုင်ငံ့ဂုဏ်ဆောင် အလှမယ် ဖြစ်ချင်သည့် ဟန်သီ နှင့် တွေ့ဆုံခြင်း



RangonNewsDaily:: August . 13 .2014
Miss Golden Land Myanmar ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦး ထဲမှာ မဲအရေအတွက် အများဆုံးရရှိနေ တဲ့ခါးနံပါတ် ၁၅ ပိုင်ရှင် ဟန်သီကို စိတ်ဝင်စားမိတာ အမှန်ပါပဲ။ သူဟာ အလှမယ် ပြိုင်ပွဲတွေ ဝင်မပြိုင်ခင်ကတည်းက အနုပညာပြေးလမ်းပေါ်မှာ လျှောက်လှမ်းနေတာမို့ ဘာကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာလည်းဆိုတဲ့ မေးခွန်းများနဲ့ ဟန်သီကို ထိတွေ့စေခဲ့ပါတယ်။

မေး အရင်ဆုံး ညီမရဲ့ အနုပညာလှုပ်ရှားမှုအစက….

အနုပညာစလုပ်ဖြစ်ခဲ့တာကတော့ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ က ဖြစ်ပါတယ်။ ညီမက ရန်ကုန်ကပါပဲ။ Good Care ကြော်ငြာ နဲ့စခဲ့တာပါပဲ။ နောက်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရဲ့ အကူအညီနဲ့ ပရိသတ်သိလာတာပါ။ အသက်ကတော့ ၁၇ နှစ်ပါ။ IGCSE စာမေးပွဲ ဖြေဆိုထားပါတယ်။

မေး အနုပညာအလုပ်တွေလဲ လုပ်နေတယ်နော်။

ညီမအနေနဲ့ Tv ကြေငြာ ကိုးခုရှိပါပြီ။ မဂ္ဂဇင်း Cover ကတော့ ဆယ်ခုကျော်သွားပါပြီ။ အဓိကကတော့ ဂျာနယ်တွေမှာ မျက်နှာဖုံး တွေအများဆုံးရိုက်ဖြစ်ပါတယ်။ နောက်ပိုင်းဆက်ရိုက်မယ့် ကြော်ငြာတွေလည်း ရှိပါတယ်။

မေး အနုပညာရှင်တစ်ယောက်ဖြစ်နေပေမယ့် ဘာ့ကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်တာလဲ။

ဒီပြိုင်ပွဲက နေအလှမယ် ငါးဦး အရွေးခံရမယ်။ အရွေးခံရမဲ့ ငါးဦးဟာ ပရဟိတလုပ်ငန်းတွေ အဓိက လုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာ ပြိုင်ပွဲဝင်ရမယ့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရမယ်။ ဒီအတွက် နိုင်ငံ့ဂုဏ် ဆောင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲရဲ့စည်းကမ်းတွေဖြစ်တဲ့ ခန္ဓာကိုယ်လှပမှု၊ အလှအပများနဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့ အချက်သုံးချက် ပြည့်စုံရမယ်။ ပြိုင်ပွဲမှာ ရွေးချယ်မယ့်အချက်တွေလည်း ပြည့်စုံအောင် အများကြီး ကြိုးစားထားပါတယ်။ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

မေး အနုပညာအလုပ်ကို ဘယ်အတိုင်းအတာထိလုပ်မယ်လို့ ရည်ရွယ်ထားလဲ။

hanthi1အနုပညာအလုပ်ကို ဟန်သီဆုံးခန်းတိုင်အောင်လုပ်မှာပါ။ ပညာရေးကလည်း လက်ရှိမပြီးသေးတော့ ပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် ဟန်သီသင်ချင်သေးတယ်။ ပညာရေးဆုံးခန်း တိုင်သွားတာနဲ့ အနုပညာ အလုပ်ကိုအားကြိုးမာန်တက်နဲ့ ဟန်သီလုပ်သွားမှာပါ။

မေး အခုအလှမယ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကလည်းထွက်လာတော့ အလှမယ်တစ်ယောက်သာ ဖြစ်ခဲ့ ရင်ကိုယ့်ရဲ့နေထိုင်ဖြတ်သန်းမှုက

အလှမယ် တစ်ယောက်ဖြစ်လာရင်တော့ တတ်နိုင်သလောက်ဟန်သီအကောင်းဆုံးကြိုးစားနေထိုင် သွားနိုင်အောင်ကြိုတွေး ကြိုစဉ်းစားထားပါတယ်။ အလှမယ် တစ်ယောက်ဟာ စံနမူနာပြဖြစ်တဲ့အတွက် ကိုယ်က ဦးဆောင်လုပ်သွားမယ်၊ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပတ်ဝန်းကျင် အကျိုးတွေကို သယ်ပိုးထမ်းဆောင်သွားမှာပါ။

မေး အောင်မြင်မှုတစ်ခုရဖို့လိုအပ်မှုတွေက။

ဒီပြိုင်ပွဲအတွက် စိတ်ရောကိုယ်ပါ အများကြီးကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲက ပရိတ်သတ်တွေရဲ့ အားပေးမှုအများကြီးလိုပါတယ်။ ပရိသတ်ရဲ့အားပေးမှုက ညီမတို့ရဲ့ အောင်မြင်မှုပါပဲ။

Mizzima - News, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment