Pages

Wednesday, August 13, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေးမကောင်းသဖြင့် အချုပ်လွတ်ထုခြေခွင့်ကို နေပြည်တော်ခရိုင်တရားရုံးမှ ပလပ်ခဲ့သဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဆေးအာမခံရရှိရန် ထပ်မံတင်မည်

RangonNewsDaily:: August . 13 .2014
ဦးဆန်းဆင့် ကျန်းမာရေးမကောင်းသဖြင့် အချုပ်လွတ်ထုခြေခွင့်ကို နေပြည်တော်ခရိုင်တရားရုံးမှ ပလပ်ခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ဆေးအားမခံရရှိရန် ထပ်မံတင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၂ ရက် ခုနှစ်ကြိမ်မြောက်ရုံးချိန်းတွင် ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ဇနီးက ပြောကြားသည်။

ဇူလိုင် ၃၀ ရက် ပဉ္စမအကြိမ်မြောက် ရုံးချိန်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ပထမဆုံးကြားနာစစ်ဆေးခဲ့ပြီး ကျန်းမာရေးမကောင်းသဖြင့် ဦးဆန်းဆင့်၏မိသားစုဝင်များက ဆေးအာမခံရရှိရန် နေပြည်တော်ခရိုင် တရားရုံးတော်သို့ ဆေးအာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပလပ်ခဲ့သဖြင့် သြဂုတ် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် အချုပ်လွတ်ထုခြေခွင့်အား ပြင်ဆင်ဝင်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဦးဆန်ဆင့်ရဲ့ နှလုံးရောဂါအခြေအနေက အခြေအနေဆိုးတဲ့အဆင့်ကို ရောက်နေတယ်။ ဟိုတစ်နေ့ကဆိုရင် ရမည်းသင်းထောင်မှာ သတိလစ်တဲ့အထိတောင် ဖြစ်သွားတယ်။ အထူးကုနှစ်ဦးနဲ့တောင် ကုယူရတယ်။ သူ့ရဲ့ မိသားစုကတော့ နေပြည်တော် ခုတင်တစ်ထောင်မှာ ဆေးကုသခွင့်ရရှိရေးအတွက် ဆေးအာမခံကိုမန္တလေးတိုင်းရုံးအထိ တင်သွားမှာပါ။ သူ့ရဲ့ နှလုံးရောဂါအခြေအနေက အချိန်မရွေးဖြစ်သွားနိုင်ပါတယ်။ သမ္မတကြီးလည်း နှလုံးတောင်လဲထားရတာဆိုတော့ နှလုံးရောဂါသမားအချင်းချင်း စာနာထောက်ထားသင့်ပါတယ်”ဟု ဦးဆန်းဆင့်၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြားသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄၀၉ နှင့် ပြစ်မှုကြီးပုဒ်မ ၄၂/၁၄ ပြစ်မှုဥပဒေ ပုဒ်မ ၁၂၄ (က) တို့ဖြင့် ကြားနာစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်၏ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက“ဒီနေ့ ၄၁/၁၄ ၄၀၉ က သုံးဦး စစ်တယ်။ တစ်ဦးက သာသနာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်၊ နောက်တစ်ဦးက ယာဉ်မောင်းဘုရားတည်တဲ့အချိန်မှာ TE 11 မောင်းပြီး အုတ်၊ သဲ၊ ကျောက်တွေသယ်ရတဲ့ ကားသမား ဦးကျော်ဝင်လှိုင် အဲဒီအမှုမှာတော့ သူတို့သုံးဦးကို စစ်တယ်။

 နောက် ၄၂/၁၄-၁၂၄ (က) နိုင်ငံတော်အကြည်ပျက်မှုကိုသာ သနာထွန်းကားပြန့်ပွားရေးက ညွှန်ချုပ် ဦးခိုင်အောင်၊ သာသာနာရေးဦးစီးဌာနက ဦးဇော်မိုး ရွှေနောက်ရဲမှူး ဦးမျိုးသန့် အဲဒီပုဒ်မနှစ်ခုကို ခြောက်ဦးစစ်တယ်။ အခြေအနေကတော့ အားလုံးကောင်းပါတယ်”ဟု ပြောကြားသည်။

ဦးဆန်းဆင့်၏ ရှစ်ကြိမ်မြောက်ရုံချိန်းအား သြဂုတ် ၁၅ ရက်တွင် ထပ်မံချိန်ဆိုးထားကြောင်း သိရသည်။

Eleven Media  , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment