Pages

Wednesday, August 13, 2014

မလေးရှားတွင် မြန်မာခြောက်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို ပြန်ပေးဆွဲ

RangonNewsDaily:: August . 13 .2014
မလေးရှားနိုင်ငံ ပီနန်မြို့ တွင် မြန်မာနိုင်ငံသားခြောက်ဦး က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး ကို ပြန်ပေးဆွဲ၍ တစ်ဦးကိုသတ် ပြီး ကျန်တစ်ဦးကို ရင်းဂစ်နှစ်သိန်း ဖြင့်လာရောက်ရွေးယူရန်တောင်း ဆိုထားကြောင်း မလေးရှားနိုင်ငံ အစိုးရပိုင် ဘနားမားသတင်းဌာန က ဖော်ပြသည်။သြဂုတ် ၇ရက်က မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ တရားမ၀င်နေထိုင်သော အသက် ၂၀ နှင့် ၃၀ ၀န်း ကျင်အရွယ် မြန်မာနိုင်ငံသား ခြောက်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း ဘနားမားသတင်းဌာနက သြဂုတ် ၁၂ ရက်တွင် ဖော်ပြခြင်းဖြစ်သည်။

သြဂုတ်လ ၉ ရက်တွင် ပြန်ပေးဆွဲသူများက မလေးရှားရင်းဂစ်နှစ်သိန်းဖြင့်လာရောက်ရွေးယူရန် တောင်းဆိုခဲ့ကြောင်း၊ ပြန်ပေးဆွဲခံရသူနှစ်ဦးထဲမှအသက်(၃၉) နှစ်အရွယ် တစ်ဦး၏အလောင်းကို ဘူးကစ်ဂမ်ဘာမြို့တွင် တွေ့ရှိရကြောင်း ဖော်ပြထားသည်။

‘‘အစိုးရသတင်းဌာနက ဖော်ပြထားတာ။ ပြန်ပေးဆွဲခံရတဲ့နေ့က မဖော်ပြဘူး။ ပြန်ပေးဆွဲခံရတဲ့ထဲက တစ်ယောက်ကိုသတ်ပစ် လိုက်တယ်လို့ ဖော်ပြထားတယ်။

အဲဒီသတင်းကြောင့် မလေးရှားမှာရှိတဲ့ မြန်မာတွေ အနေကျပ်သွားတယ်။ ဖမ်းဆီးစစ်ဆေးတာတွေ ထပ်လုပ်လာရင် ပြဿနာတွေက မနည်းဘူး၊ ထပ်ဖြစ်လာဦးမှာ’’ ဟု မလေးရှားနိုင်ငံ ပီနန်မြို့တွင် နေထိုင်သော ကိုဇာနည်အောင်က ပြောကြားသည်။

တိုင်ကြားသူ၏ အကူအညီဖြင့် မလေးရှားရဲတပ်ဖွဲ့က ပြန်ပေးဆွဲသူများထဲမှ တစ်ဦး၏ ပုံသဏ္ဌာန်ကို ရေးဆွဲပုံဖော်၍ လိုက်လံရှာဖွေနေပြီး တရားခံများသည် ပီနန်မြို့တွင်သာ ပုန်းအောင်းနေထိုင်နေကြောင်း ပီနန်းတောင်ပိုင်းခရိုင်ရဲအရာရှိချုပ်က ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၉ ရက်က အဆိုပါပြန်ပေးဆွဲခံရသူနှစ်ဦးမှတစ်ဦးသည် ပီနန်ရဲစခန်းသို့ ထိုသူနှင့်သူ့သူငယ်ချင်းနှစ်ဦးမှာ လူတစ်စု၏ ဖမ်းဆီးခြင်းကိုလွန်ခဲ့သော ၂ ရက်ကတည်းက ခံခဲ့ရကြောင်းနှင့်လွတ်မြောက်ရန်အတွက် မလေးရှားရင်းဂစ်နှစ်သိန်းဖြင့် လာရောက်ရွေးရန် ပြောဆိုကြောင်း ရဲဌာနက ဘနားမားသတင်းဌာနအား ပြောသည်။

7 Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment