Pages

Wednesday, August 6, 2014

ကိုယ့်ခေါင်းကိုယ် သေနတ်ဖြင့်ချိန်ပြီး Facebook တင်ရန်ဓာတ်ပုံရိုက်ရာမှ ကျည်ထွက် ပြီး သေဆုံး


RangonNewsDaily:: August . 6 .2014
မက္ကဆီကိုနိုင်ငံမှ စစ်မှုထမ်းဟောင်း လူငယ်တစ်ဦးသည် Facebook တွင် တင်ရန် မိမိကိုယ်ကိုယ် သေ
နတ်ဖြင့်ချိန်ပြီး မိုဘိုင်းလ်ဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်စဉ် ကျည် ထွက်သွားသဖြင့် ကွယ်လွန်
သွားခဲ့ကြောင်း The standard မီဒီယာက ဖော်ပြထား သည်။
အော်စကာအိုတီယို အော်ဂူလီယာ အမည်ရှိ ထိုစစ်သားဟောင်း လူငယ်သည် လူမှုကွန်ရက် မီဒီယာပေါ်မှာ ဓာတ်ပုံ အဆန်းအပြားများ တင်ခြင်း ဝါသနာကြီးသူ ဖြစ်ပြီး ၎င်းကွယ်လွန်ချိန်၌ အသက် ၂၁ နှစ် ရှိပြီဖြစ်ကာ မက္ကဆီကိုစီးတီး မြို့တော်သားတစ်ဦး ဖြစ်သည်။

Facebook ပေါ် တင်ထားသည့် ဓာတ်ပုံများတွင် ပြိုင်ကားများ၊ မိန်းမလှများ၊ တီးဝိုင်းပစ္စည်းများဖြင့် ထူးထူးဆန်းဆန်း ပုံစံများ ရိုက်ထားသည်ကို တွေ့ရသည်။

သေနတ်တစ်လက်ကို ငှားပြီး မိမိကိုယ်ကိုယ်ချိန်ပြီး ပြန်ရိုက်ခဲ့ရာ ကျည်ဆန် ရုတ်တရက် ထွက်သွားခဲ့ပြီး ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။
::
အင်တာနက် လူမှုကွန်ရက် မီဒီယာများတွင် မိမိကိုယ်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း (Selfie) ရိုက်ခြင်းများ အလွန်အမင်း ခေတ်စားလာခဲ့ကာ အချို့မှာ အစွဲအလမ်းများပင် ဖြစ်လျက်ရှိပေသည်။“သေနတ်သံတစ်
ချက် ကြားလိုက်ပါတယ်။ လူတစ်ဦး အော်လိုက်သံကို အသည်းအသန် ကြားလိုက်ရပါတယ်။ တစ်ယောက်ယောက်တော့ ထိသွားပြီ ဆိုတာကို သိလိုက်တာမို့ ရဲကို လှမ်းတိုင်လိုက်ပါတယ်။
::
ရဲတွေ ရောက်လာတဲ့အထိ သူအသက် ရှိပါသေးတယ်” ဟု အိမ်နီးချင်း တစ်ဦးဖြစ်သူ အသက် ၅၇ နှစ်
အရွယ် ပေအက်စ်ပေအက်စ်က ပြောကြားခဲ့သည်။ အဆိုပါ လူငယ်လေးသည် ဆေးရုံသို့ သွားနေ
သည့် လမ်းပေါ်တွင်ပင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သည်။
::
ရဲက မျက်မြင်သက်သေများကို မေးမြန်းစစ်ဆေးခဲ့ရာ အော်စကာအိုတီယိုဟာ selfie ဓာတ်ပုံရိုက်ရင်း ကျည်ထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time