Pages

Wednesday, August 6, 2014

အိမ်ထောင်ရေး အကြောင်း အတိအလင်း ကြေညာလိုက်တဲ့ မီးမီးခဲ


RangonNewsDaily:: August . 6 .2014
မီးမီးခဲ အနေနဲ့ သူ့ရဲ့ များမကြာ မီက ထွက်ရှိထားခဲ့တဲ့ Miss Call အခွေကို ဗီစီဒီ အဖြစ် ရိုက်ကူးနေပြီ

 ဖြစ်ပါတယ်။ အဲဒီအခွေမှာ လေးပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း၊ ကျန်တဲ့ အပိုင်းတွေ အကုန် ပြီးစီးနေပြီဖြစ် ကြောင်း၊ အခုအချိန်မှာ သူ့အမေ၊ သူ့သမီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး နေပြီး ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက်နေကြောင်း မီးမီးခဲ ကပြောပါတယ်။
ဒါပေမဲ့ မကြာသေးခင် အချိန်လေးကပဲ သူ့ရဲ့ခင်ပွန်ဟောင်း အဆိုတော် ထူးအယ်လင်းရဲ့ ဖေ့စ်ဘုတ် စာမျက် နှာထက်မှာ သူနဲ့ အတူနေစဉ် အမေရိက ခရီးသွားတုန်းက ရိုက် ထားခဲ့တဲ့ ဓာတ်ပုံဟောင်းကို ပြန် တင်ထား တာကြောင့် အလွန်အမင်း ဒေါသထွက် ရကြောင်း၊ အခုအခါမှာ သူ နဲ့ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း ပြောလာ ပါ တယ်။

“အခု အချိန်မှာ သူ (ထူးအယ် လင်း) နဲ့ တရားဝင် ကွာရှင်းပြီးသွား ပြီလေ။ အဲဒါ အကုန်လုံးလည်း သိကြ တယ်။ ဒါကို သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အရင်က ရိုက်ထား ခဲ့တဲ့ ဓာတ်ပုံ အဟောင်းတွေကို ပြန်တင်တယ်။ အားပေးတဲ့ ပရိသတ်တွေက လည်း Like တွေလုပ်ပြီး အားပေး ကြတယ်။

ပရိသတ်တွေ ထင်တာက သူတို့ပြန် အဆင်ပြေ သွားကြပြီ။ ဒါ ကြောင့် ပုံတွေ တင်တယ်ပေါ့။ အဲဒီ လိုမြင်သွားကြလိမ့်မယ်။ အမှန်က ကျွန်မနဲ့ ဘာမှ မပတ်သက်တော့ဘူး။ လုံးဝကို မသက်ဆိုင်တော့တာပါ။ အဲဒီပုံက ဟိုးလွန်ခဲ့ တဲ့ အမေရိက ခရီးသွားတုန်းက ရိုက်ကူးထားတဲ့ ပုံဟောင်းလေးပါ။ သူပုံတင်တာ ကို ကျွန်မတောင် မသိဘူး။ 

သူဒီလို ပုံတွေ တင်တာ ဘာသဘောလဲ ဆိုတာ ကျွန်မ လည်း မစဉ်းစားတတ်ဘူး။ သေချာတာက သူနဲ့ ဒီတစ်သက် ပေါင်းဖို့ လုံးဝ အစီအစဉ် မရှိတော့ဘူး ဆိုတာပါ။ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေ အပေါ်လည်း လုံးဝ ခွင့် လွှတ်နိုင်စရာ မရှိဘူး။ ကျွန်မက လူတစ်ယောက်ကို စိတ်ကုန်ပြီ ဆိုရင် လုံးဝ လှည့်မကြည့် တတ်တဲ့ သူမျိုးပါ။ ဒီလိုမျိုး ဘာမှ မပတ်သက်တော့ဘဲ တစ်ဖက်သတ် လုပ်နေ တာမျိုးကို လုံးဝကန့်ကွက်ပါ တယ်။ 

ကျွန်မ အနားမှာ သမီးလေး ရှိနေပြီ။ နောက် ချစ်ရတဲ့ အမေရှိ တယ်။ ဘာဆို ဘာမှ မလိုအပ်တော့ ပါဘူး။ ပြည့်စုံနေပါပြီ။ ငြိမ်းငြိမ်း ချမ်းချမ်းလေးနဲ့ ဘဝကို တည်ဆောက် နေပါပြီ။ ဒီလိုမျိုး သူက လုပ်လိုက်တဲ့ အတွက် အများကြီး စိတ်ထိခိုက်ခံစား ရပါတယ်” လို့ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေ တဲ့ သူနဲ့ ထူးအယ်လင်း တို့ အတူရှိစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက် လို့ အဆိုတော် မီးမီးခဲကပြောပါတယ်။

မီးမီးခဲ အနေနဲ့ သူ့ဘဝ မှာ ဂီတသာ အဓိက ကျကြောင်း၊ ဂီတနဲ့ ပဲ ဘဝကို ဖြတ်သန်း သွားမှာဖြစ်ကြောင်း၊ အခု လည်း Miss Call ဗီစီဒီ အတွက် အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

popularmyanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment