Pages

Wednesday, August 6, 2014

လောကဒဏ်က ဘ၀ရဲ့ ပြိုင်ပွဲ


RangonNewsDaily:: August . 6 .2014
လောကဒဏ်ကို အရှုံးပေးတတ်သူဟာ ဘ၀မှာအမြဲတမ်းသိမ်ငယ်တတ်သူတွေ ဖြစ်လာပါတယ်။ ဘ၀အ
တွက် ပြိုင်ပွဲတွေဟာ သူများတွေနဲ့ မပြိုင်ခင် ကိုယ်တစ်ယောက်တည်း အရင်ပြိုင်ဆိုင်မှုရှိနေရမယ်။ ဒီနေ့ 
နဲ့ မနက်ဖန် ကိုယ့်ရဲ့စွမ်းအားတွေပြောင်းလဲတိုးတက်မှုမရှိရင် လောကဒဏ်ကို ပြိုင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။
ဘ၀မှာ သူများထက်သာနေတဲ့သူတွေဟာအများကြီးလုပ်နေတာမဟုတ်ပါဘူး။သူများထက် နည်းနည်းလေး
ပိုလုပ်လိုက်တာပဲဖြစ်ပါတယ်။ အပြေးပြိုင်ပွဲမှာ ဦးစွာပန်းဝင်တဲ့သူတွေဟာ အခြားသူတွေထက် ခြေတစ်လှ
မ်းလောက်ပဲစောခဲ့တာပါ။

ယနေ့ အောင်မြင်နေတဲ့သူတွေဟာ သူများထက် နည်းနည်းလေးပိုလုပ်လိုက်တဲ့သူတွေပါပဲ။ဒီနေ့ လုပ်တာ

ထက်၊ မနက်ဖန်လုပ်တာ ပိုခရီးရောက်တိုင်း မိမိဟာ ပိုပြီးကြံ့ခိုင်လာပါတယ်။ တစ်နေ့ ထက်တစ်နေ့  ကိုယ်
တိုင်ပြိုင်ဆိုင်မှုတွေလုပ်နေပြီဆိုရင် လောကဒဏ်ကိုအံတုဖို့  မိမိဟာ အဆင်သင့်ဖြစ်နေပါပြီ။ 


ကိုယ့်ရဲ့ပြိုင်ဘက်အားလုံးကိုလည်း ခြေတစ်လှမ်းနဲ့ ဖြတ်ချခဲ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဘ၀ကို ပြိုင်ပွဲတစ်ခု
အဖြစ် သတ်မှတ်မယ်ဆိုရင် အဲ့ဒီပြိုင်ပွဲထဲမှာ မိမိပါဝင်ပြီး ယှဉ်ပြိုင်နေဖို့ သာ လိုပါလိမ့်မယ်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment