Pages

Friday, August 1, 2014

တိုက်ပြီးပြေးသည့် ယာဉ်မောင်းများကို ရာသက်ပန် လိုင်စင်ပိတ်မည်

 ရန်ကုန်မြို့လယ်တစ်နေရာတွင် ဓာတ်တိုင်တစ်တိုင်ကို ၀င်တိုက်သည့် ကားတစ်စီး (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
RangonNewsDaily:: August . 1 .2014
ယာဉ်တိုက်မှုဖြင့်ထွက် ပြေးတိမ်းရှောင်ပါက ယာဉ်မောင်းလိုင်စင်ကို ရာသက်ပန်ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအမှတ်(၂)ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်ညနေတွင် သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ယာဉ်တိုက်မှုများ ဖြစ်ပွားရာတွင် အချို့သောယာဉ်မောင်း များမှာ အခင်းဖြစ်
စဉ်နှင့်ပတ်သက်၍တာဝန်ယူမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် အဆိုပါယာဉ်တိုက်ပြေး(သိပြေး၊ မသိပြေး)အမှုများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်နံပါတ်၊ ယာဉ်အမျိုးအစား၊ ယာဉ်မောင်းသူ စုံစမ်းဖော်
ထုတ်ပြီး အမှန်တကယ်ယာဉ်တိုက်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ထွက်ပြေးတိမ်းရှောင်သည့်
ယာဉ်မောင်းအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)နှင့် ညှိနှို်းပြီး ရာသက်ပန်ယာဉ်မောင်း
လိုင်စင် ပိတ်သိမ်းလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

လက်ရှိတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ ယာဉ်မောင်းထွက် ပြေးတိမ်းရှောင်ပါက ပုဒ်မ ၂၀၂ တပ်ကာ ဝရမ်း

ထုတ်ဆောင်ရွက် ပြီး လူသေမှုဖြစ်ပါက ထောင်ဒဏ် ခုနစ်နှစ်အထိချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေ
သကြီးယာဉ်ထိန်း ရဲအုပ်တစ်ဦးကပြောသည်။

‘‘ကားတိုက်လို့ရှိရင်ပြေးကြ တာနှစ်မျိုးရှိတယ်။ တစ်မျိုးက ဖမ်းခံရမှာကြောက်လို့ တာဝန်မယူချင်လို့။ နောက်

တစ်ခုက ဆွမ်းကြီးဝိုင်းလောင်းမှာကြောက်လို့။ ကားတိုက်ရင်ထွက်ပြေးတဲ့ ကားသမားတွေကို အရေးယူ
သလို ထွက်မပြေးဘဲ လူ့အသက်ကယ်တဲ့ ယာဉ်မောင်းယာဉ်နောက်လိုက်တွေကို ဆွမ်းကြီးဝိုင်းလောင်း
တဲ့သူတွေကိုပါ အရေးယူရင် ဒီပြဿနာပြေလည်မယ်ထင်တယ်’’ဟု အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှတာဝန်ရှိ သူတစ်ဦးက သူ၏အမြင်ကို ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း ယာဉ် တိုက်မှု ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၁၆၀၀ ကျော်ကိုသာ အရေးယူနိုင် ခဲ့ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့၏ စာရင်းများမှသိရသည်။ ယခု ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံး တွင် ယာဉ်တိုက်မှုပေါင်း ၅၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၀၀ ကျော်သေဆုံးကာ လူတစ် သောင်းကျော်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်ရက်ကလည်း ဆူးလေ ရှန်ဂရီလာဟိုတယ်ရှေ့ ညဦး ပိုင်းတွင် ပရိုဘောက်စ်ယာဉ်မှ စည်းကမ်း

မဲ့မောင်းနှင်မှုကြောင့် လမ်းလယ်ကျွန်းပေါ်တွင်ထိုင်နေ သည့် လူခြောက်ဦးကိုတိုက်မိရာ နှစ်ဦးသေဆုံးပြီး
 လေးဦးဒဏ်ရာ ရရှိကာ ထွက်ပြေးတိမ်းရှောင်ခဲ့ သော ယာဉ်မောင်းကို ယင်းမနက် ၄ နာရီတွင် စမ်းချောင်းမြို့နယ် တွင် လက်ရဖမ်းဆီးခဲ့သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment