Pages

Friday, August 1, 2014

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားသို့ ဖိုးလပြည့်တက်ရောက်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိဟု တာဝန်ရှိသူအရာရှိတစ်ဦးမှပြောကြား

RangonNewsDaily:: August . 1 .2014
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၈၇ နှစ်မြောက် အခမ်းအနားအား ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ သံရုံးမှ ကျင်းပပြုလုပ်သည် ထိုအခမ်းအနားသို့ စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး၊မြန်မာ့တပ်မတော်မှ တတိယအဆင့်အမြင့်ဆုံး အရာရှိကြီး

တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ထို့အပြင် ယခင်စစ်အာဏာရှင်ကြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သည့် နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်ကိုလည်း ဧည့်သည့်တော် တစ်ဦးအနေဖြင့် တက်ရောက်လာခဲ့သည်ကို တွေ့ရှိရပါသည်။

ယခုကဲ့သို့ တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အထူးအခမ်းအနားတစ်ခုတွင် ဖိုးလပြည့် တက်ရောက်လာသည့် သတင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ဖိုးလပြည့် ဒီအခမ်းအနားကိုတက်တာတပ်မတော်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။တရုတ်ပြည်သူ့
လွတ်မြောက်
ရး တပ်မတော် ၈၇ နှစ်မြောက်ပွဲဆိုတာက သူတို့တပ်မတော်အတွက် တရုတ်နိုင်ငံက ကျင်းပတာပါ။ ဒီပွဲကို တက်ဖို့ဖိတ်မယ့်သူတွေကိုလည်း သူတို့ဘာသာဆုံးဖြတ်ပြီး ဖိတ်ကြတာပါ။ ဖိုးလပြည့် ဒီပွဲကိုတက်တယ်
ဆိုတာကလည်း တရုတ်သံရုံးကဖိတ်လို့ တက်တာဖြစ်ပါလိမ့်မယ်။ မြန်မာ့တပ်မတော်နဲ့တော့ ဘာမှ မဆိုင်ပါ
ဘူး ” ဟု ဖြေကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနား မှတ်တမ်းဓာတ်ပုံများတွင် တရုတ်စစ်သံမှူးမှ ဖိုးလပြည့်အား တရင်းတနှီး လက်
ဆွဲနှုတ်

ဆက် နေသည်ကို တွေ့ရှိရပြီး၊ တရုတ်သံရုံးနှင့် ဖိုးလပြည့်အကြား ရင်းနှီးဆက်သွယ်မှုများကို လူအများမှ စိတ်ဝင်စားလျက်ရှိကြ ပါသည်။ 

ဖိုးလပြည့်သည် အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရှိစဉ်ကပင် နိုင်ငံတော်အဆင့် ပွဲလမ်းသဘင်
များ၊စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကဲ့သို့သောစစ်ဘက်ဆိုင်ရာအခမ်းအနားများတွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်
အတူ အထူးဧည့်သည်တော်တစ်ဦးသဖွယ် တက်ရောက်ခဲ့သည်သာမက ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေး
ခရီး သွားရောက်သည့် အခါများတွင်လည်း လိုက်ပါလေ့ရှိပါသည်။

မြန်မာပြည်သား , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment