Pages

Friday, August 1, 2014

ပနားမားတွင်ဖမ်းမိခဲ့သော မြောက်ကိုရီးယား သင်္ဘောကို ကုလသမဂ္ဂ၏ အမည်ပျက် စာရင်းတွင်ထည့်သွင်း

RangonNewsDaily:: August . 1 .2014
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ပြီးခဲ့သည့်နှစ်က ပနားမား တူးမြောင်းတွင် ဖမ်းဆီးရမိခဲ့သော လက်နက် အစိတ်အပိုင်းများနှင့် MIG-21 တိုက်လေယာဉ် နှစ်စင်းစာ အစိတ်အပိုင်းများ တင်ဆောင်လာသည့် မြောက်ကိုရီးယား သင်္ဘောကို ဇူလိုင် ၂၈ ရက်က ကုလသမဂ္ဂ၏ အမည်ပျက် စာရင်း သွင်းလိုက်ကြောင်း သိရ သည်။

ထို့အပြင် မြောက်ကိုရီးယားကလည်း အဆိုပါ သင်္ဘောကို ပိုင်ဆိုင်သည့် Ocean Maritime Management ကုမ္ပဏီကို အရေးယူ ပိတ်ဆို့မှု ထပ်မံ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းတွင်ထည့်သွင်းခြင်းကြောင့် အဆိုပါကုမ္ပဏီသည် နိုင်ငံတကာ ကူးလူးဆက်ဆံမှု ခေတ္တရပ်ဆိုင်းခံရပြီး ရေကြောင်း သွားလာမှုဆိုင်ရာ များကို ပိတ်ပင်ခံရကြောင်း သိရသည်။ 


အဆိုပါ မြောက်ကိုရီးယား သင်္ဘောနှင့် သင်္ဘောပါ ဝန်ထမ်းများအား ပနားမား တရားရုံးက ဒဏ်ငွေ ဆောင်စေခဲ့ပြီး ဇွန်လက ပြန်လွှတ်ပေးခဲ့သည်။

 မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်များကို အကြိမ်များစွာ စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ၊ အမေရိကန်နှင့် အခြားနိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုကို ခံနေရသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

မြ၀တီ , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment