Pages

Friday, August 1, 2014

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ

RangonNewsDaily:: August . 1 .2014
ရန်ကုန်− မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသောဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။

Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေး
ထားသော်လည်း ထိုဝန်ဆောင်မှု အသုံးပြုခအတွက် ၂၅၀၀ ကျပ် စတင်ဖြတ်တောက်ခြင်းကြောင့် အသုံးမပြုလိုကြကြောင်း GSM နှင့် WCDMA မိုင်ဘိုင်းဖုန်းသုံးစွဲ သူများကပြောသည်။

ဆက်သွယ်ရေးက ယင်းသို့ အကန့်အသတ်ဖြင့် ဖုန်းခေါ်ဆိုခ လျှော့ချကြောင်းကြေညာအပြီးမှာပင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်သာ စမ်းသပ်ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် စနစ်ကို စတင်လုပ်ကိုင်ပေးထားသော်လည်း အများစုမှာ အသုံးမပြုကြ ကြောင်း သတင်းရရှိသည်။

‘‘အရင် သင်္ကြန်တုန်းကလည်း Promotion တွေလုပ်ကတည်းက တစ်ခါမှမလုပ်ခဲ့ဘူး။ အခု Promotion ကိုလည်းမလုပ် ပါဘူး။ တန်တယ်လို့လည်းမထင်ဘူး။ MPT က သူတို့ဆီကတစ်ခုခုရဖို့အရေးကို သူတို့ကာထားတဲ့ အချက်တွေကပိုများတယ်။ ပြီး တော့ အစကတည်းက Plan ရှိရင်လည်း စောစောလုပ်သင့်တယ်။အခုက အူရီးဒူးကတ်ဝယ်ရင်တောင် ၁၄ ရက်နေ့အထိ Free ပြောလို့ရတာဆိုတော့ သူ့ဟာ မလုပ်လည်းဘာမှမဖြစ်တော့ဘူး’’ဟု မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ် သူကပြောသည်။

အသုံးပြုရာတွင် မိမိစာရင်းပေးသွင်းလိုသည့် ဖုန်းနံပါတ်များ ပြောင်းလဲလိုပါက မိုဘိုင်းဖုန်းနံပါတ်တစ်ခုလျှင် တစ်ကြိမ်သာပြောင်း လဲနိုင်ခြင်းနှင့် CDMA မိုဘိုင်းဖုန်းများသို့ခေါ်ဆို၍မရခြင်းနှင့် စတင်အသုံးပြုခအဖြစ် ကျပ် ၂၅၀၀ ဖြတ်တောက်ခြင်းများစသည့် ကန့်သတ်မှုများကြောင့် အသုံးမပြုလိုကြခြင်းလည်းဖြစ်သည်

‘‘ဖုန်းသုံးလုံးကို ၂၅ ကျပ်နဲ့ ခေါ်နိုင်ဖို့ကို ၂,၅၀၀ စဖြတ်တာနဲ့ပဲ တစ်နာရီစာနီးနီးဖြစ်နေပြီ။ တစ်လလုံးဆို

တာလည်း ကိုယ်က အရမ်းဖုန်းပြောတဲ့သူဆိုရင်တော့ အဆင်ပြေပေမယ့် တကယ်တမ်း မတန်ဘူးထင်လို
့မလုပ်ဘူး’’ဟု GSM မိုဘိုင်းဖုန်းသုံးစွဲသူကိုသူရက ပြောသည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုလိုပါက နံပါတ် 1331 သို့ မိမိနှစ်သက်သည့် ဖုန်းနံပါတ်များကို ADD အနောက်တွင်ရိုက် နှိပ်ကာ မက်ဆေ့ခ်ျပေးပို့ရမည်ဖြစ်ပြီး သြဂုတ် ၃၁ ရက်အထိ အသုံးပြုခွင့်ရရှိမည်ဖြစ်

သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆိုပါဝန်ဆောင်မှုပေးနေချိန်တွင် အူရီးဒူးကုမ္ပဏီကလည်း ဆင်းမ်ကတ်

များရောင်းချပြီး သြဂုတ် ၁၄ ရက်အထိ မိုဘိုင်းဖုန်း ခေါ်ဆိုခများကို အခမဲ့ခေါ်ဆိုနိုင်ရန် ဝန်ဆောင်မှုများ
လည်းပေးထားခြင်းဖြစ်သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment