Pages

Thursday, August 7, 2014

ရာဇာမင်းစက်သုံးဆီဆိုင်မှဆီများ ရပ်ကွက်အတွင်း ယိုစိမ့်၍ ဆိုင်ကို စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေး

 အဆိုပါ ဆီ လှာင်ကန်ကို သြဂုတ် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇေနွေထွန်း)
RangonNewsDaily:: August . 7 .2014
တောင်ဥက္ကလာပမြို့ နယ် ရတနာလမ်းမပေါ်ရှိ ရာဇာ မင်းစက်သုံးဆီဆိုင်မှ စက်သုံးဆီ များ ယိုစိမ့်ကာ ရပ်ကွက်အတွင်း သို့ ရေစီးဖြင့် မျောပါခဲ့သဖြင့် ရပ် ကွက်နေပြည်သူများ အထိတ်တလန့်ဖြစ်ပွားခဲ့၍ ယင်းဆိုင်ကိုသက်ဆိုင်ရာ စစ်ဆေးပြီး သြဂုတ်လ ၅ ရက် ညနေ သုံးနာရီတွင် ပြန်လည်ရောင်းချခွင့် ပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါဆိုင်ကို သြဂုတ်လ ၄ ရက် ညက စတင်ပြီး သက်ဆိုင် ရာက ခေတ္တပိတ်ထားရာမှ ယခု လို ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရာဇာမင်း စက်သုံးဆီဆိုင် မန်နေဂျာက ပြောသည်။
ရာဇာမင်းစက်သုံးဆီဆိုင် တွင် ဆီဘောက်ဆာကားမှ ဆီသို လှောင်ကန်သို့ လက်ကျန်ဆီ လဲ လှယ်စဉ် ဆီယိုပြီး ရေမြောင်းအ တွင်းသို့ ကျဆင်းသွားသဖြင့် ယင်း အချိန်တွင် ရွာသွန်းနေသည့်မိုးရေ နှင့်အတူ ရောကာ ရပ်ကွက်အ တွင်းသို့စီးသည့်မြောင်းမှ စီး ကြောင်းအဖြစ် ပြောင်းလဲဝင်ရောက်သွားသောကြောင့် အဆိုပါဆိုင်ကို ခေတ္တပိတ်ထားကြောင်း တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်ကြောင့် ရာဇာမင်း စက်သုံးဆီဆိုင်ကို သြဂုတ် ၄ ရက်ညက စတင်ပိတ်ထားခဲ့ပြီး သြဂုတ်၅ ရက် နံနက်တွင် စွမ်းအင်ဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ပြီး ဆိုင်ကို ဆက်လက် ဖွင့်သင့်၊ မဖွင့်သင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

‘‘ဘာမှမဖြစ်ဘူးဆိုရင်တော့ တိုင်းဒေသကြီးက ညွှန်ကြားတာ ဖြစ်တဲ့အတွက် တိုင်းကို ပြန်တင် ပြရမယ်။ စိတ်ချလုံခြုံမှုဖြစ်တယ် မဖြစ်ဘူးဆိုတာ ကျွန်တော်တစ် ယောက်တည်းနဲ့ မပြီးဘူး။ မယက လည်းရှိတယ်။ မီးသတ်ဦးစီးဌာန လည်းရှိတယ်။ ဌာနအားလုံးစစ် ဆေးပြီး အစိုးရအဖွဲ့ကို တင်ပြ မယ်’’ ဟု ရန်ကုန်တိုင်း ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦး တင်နိုင်စိုးက ပြောသည်။

ရာဇာမင်း စက်သုံးဆီဆိုင် မှ စွန့်ပစ်ရေများသည် တောင် ဥက္ကလာပ (၁၃) ရပ်ကွက်တွင်းရှိ ရေမြောင်းသို့ စီးဆင်းနေခြင်းဖြစ် ပြီး ငလျင်လှုပ်သည့် သြဂုတ် ၄ ရက် ညနေက မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ဆီဆိုင်မှ ဓာတ် ဆီများ မြောင်းတွင်းသို့ စီးဆင်းနေ ခြင်းနှင့် အနံ့များ ပြင်းထန်စွာ ရှူ ရှိုက်ကြရသည်ဟု ရပ်ကွက်နေသူ များက ပြောသည်။

‘‘ပြည်သူကိုယ်စားပြောချင် တာက ကန်ကို လာစစ်ပေးပါ။ ပြည်သူလိုလားတာက သူတို့ ဘက်မထွက်ဘဲ မြောင်းလုပ်ပေး စေချင်တယ်။ ဒါကို အမြန်ဆုံးအ ကောင်အထည်ဖော်ဖို့ တိုက်တွန်း ခဲ့တယ်’’ ဟု တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်းက ဆို သည်။

ယင်းနေရာတွင် ဆီအကြွင်း အကျန်နှင့် မိုးရေအချို့ကိုသာ စစ် ဆေးတွေ့ရှိပြီး မီးဘေးအန္တရာယ် မရှိစေရန် လိုအပ်သည့် စစ်ဆေး မှုများ ပြုလုပ်ခဲ့ကာ အန္တရာယ်မရှိနိုင်ကြောင်း တောင်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ဖုန်းမှတစ်ဆင့် 7Day Daily အား ပြောသည်။

‘‘မြောင်းလုပ်ပေးဖို့ အစီအ စဉ်ရှိတယ်။ စည်ပင်တင်စရာမလို တော့ အားချင်းလုပ်မှာပါ။ ရပ် ကွက်အတွက် လုံခြုံမှုဖြစ်အောင် ဆိုင်ကို ဂရုစိုက်ပါတယ်။ ဆီတိုင် ကီ လက်ကျန်ဆီက အတိုးအ လျော့မရှိဘူး။ စစ်တဲ့အဖွဲ့က စစ် နေတုန်းမို့ လူကြီးလမ်းညွှန်ချက် အတိုင်း လိုက်နာမှာပါ။ ခုက စစ် ဆေးဆဲကာလဖြစ်တယ်’’ ဟု ရာ ဇာမင်းဓာတ်ဆီဆိုင်ပိုင်ရှင် ဦးညီ ထွေးက ဆိုသည်။

ဆီယိုစိမ့်မှုဖြစ်ပွားခဲ့သည့် သြဂုတ်လ ၄ ရက်ညက ယင်းစက် သုံးဆီဆိုင်တွင် ရပ်ကွက်နေ ပြည် သူ တစ်ရာကျော် လာရောက် စုဝေးခဲ့ကြပြီး ဆိုင်ကို အပြီးတိုင် ပိတ်သိမ်းပေးရန် အာဏာပိုင်များ ကို တောင်းဆိုခဲ့ကြသည်။

ဆီဘောက်ဆာကားမှ ဆီလှောင်ကန်သို့ လက်ကျန်ဆီ လဲလှယ်စဉ် ဆီယိုစိမ့်ပြီး ရပ်ကွက်အတွင်းရှိ ရေမြောင်းအတွင်းပါသွားကာ မိုးသည်းနေသောကြောင့် ရပ်ကွက်အတွင်း ဆီများ မိုးရေနှင့် ပြန့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment