Pages

Thursday, August 7, 2014

မန္တလေး ပဋိပက္ခ ဖြစ်စေခဲ့သူများကို အမှု ဆက်တိုက်စစ်ဆေးမည်

 မန္တလေးတွင် လူစုလူဝေးများ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
RangonNewsDaily:: August . 7 .2014
မန္တလေးပဋိပက္ခ ကြောင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုကို ပျက်ပြားစေသောအမှု ဖြင့် တရားစွဲဆိုခြင်းခံထားရသော မဖြူဖြူမင်း(ခ)ကတုံးမ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်းထွန်းတို့ လေးဦးကို သြဂုတ် ၄ရက်မှစ၍ နောက်ပိုင်းရက်များတွင် ဆက် တိုက်စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး တစ်ပတ်အတွင်းအမှု ပြီးပြတ်နိုင်ခြင်းရှိ၊ မရှိကို မသိနိုင်သေးကြောင်း သတင်းရရှိသည်။

၎င်းတို့လေးဦးကို သြဂုတ် ၅ရက် စတုတ္ထအကြိမ်မြောက် ရုံး ထုတ်ချိန်တွင် ထမင်းစားနားချိန် မပေးဘဲ နှစ်နာရီကြာစစ်ဆေးမှု များပြုလုပ်ခဲ့ပြီး ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၂၁၁လီဆယ်တိုင်ကြားမှု ပါထပ်တိုးလိုက်ကြောင်း တရား လွှတ်တော်ရှေ့နေဦးအောင်သူ ရှိန်ထွန်းကပြောသည်။
‘‘ရဲမှူးကျော်ဆန်းကို စစ် တယ်။ နောက်ထပ်တစ်မှုထပ်တိုး တယ်။

မနက်ဖြန်မှ နောက်ထပ် တစ်မှုကိုစစ်ဆေးမယ်။ လုံခြုံရေး အခြေအနေအရဆိုတဲ့အကြောင်း ပြချက်နဲ့ အမှုကိုဆက်လက်စစ် ဆေးမယ်။ တစ်ပတ်အတွင်းအပြီး စစ်မယ်၊ မစစ်ဘူးဆိုတာတော့မ သိနိုင်ဘူး။ သို့သော် ဆက်လက် စစ်ဆေး သွားမယ်ဆိုတာတော့ ကျွန်တော်တို့သိခဲ့ရတယ်’’ဟုဦး အောင်သူရှိန်ထွန်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁ သည် မမှန်သော(သို့မဟုတ်)ဥပဒေနှင့် မညီသောအကြောင်း၊ ယုတ္တိမရှိသိလျက်နှင့် မည်သူမဆို တစ်ဦးတစ်ယောက်ကိုနစ်နာစေ လိုသော အကြံဖြင့် စွပ်စွဲလျှင် ထောင်ဒဏ်၂နှစ်၊ ( သာမန်လိမ်လည်မှု)ထို့အပြင် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ တစ်သက် တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ်ခုနစ်နှစ်(သို့မဟုတ်)ခုနစ်နှစ်ထက်ပိုသော ထောင်ဒဏ်ဖြစ်စေသည့်ပုဒ်မဖြစ်အောင် လိမ်လည်မှုကို ချမှတ်ခြင်းခံထိုက်သော၊ ခံထိုက်သူ၊ ကျူးလွန်သူဟုပုဒ်မမြောက်လျှင် ထိုဥပဒေဖြင့် ပြစ်ဒဏ်ကျခံရနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်ကပြောသည်။

ယင်းကဲ့သို့ ထမင်းစားချိန် မပေးဘဲ စစ်ဆေးခြင်းကို အမှုစစ် ပြီးချိန်တွင် စွပ်စွဲခံရသူများထဲမှ ရဲထွဋ်က အချုပ်ကားပေါ်မှနေ၍ ‘‘တရားမျှတမှုမရှိဘူး။တစ်ယောက်တည်း ထမင်းကျွေးတယ်။ ကျုပ်တို့က ငတ်ပြတ်နေရမှာလား’’ဟု အော်ပြောသည့်အတွက် တာဝန်ကျရဲများက ထမင်း များဝယ်ကျွေးခဲ့ရသည်။

၎င်းတို့အား တရားစွဲဆိုခံ ထားရမှုနှင့်ပတ်သက်၍ ရဲထွဋ်က ‘‘ မှန်ကန်မှုမရှိဘူး။ ဘလိုင်းကြီးဆွဲ ချခံရတာ။ ထိုးကျွေးခံရတာ’’ဟု ရဲများထိန်းချုပ်နေသည့်ကြားမှ အော်ဟစ်ပြောဆိုသွားသည်။

ထို့အပြင် ဟာဂျီ ထွန်းထွန်း၏ မိသားစုဝင်များက လာရောက်တွေ့ဆုံခဲ့သော်လည်း လူချင်းတွေ့ဆုံခွင့်မရရှိဘဲ လိုအပ်သောအ၀တ် အစားများကိုသာပေးခွင့်ရ ကြောင်း ၎င်း၏မိသားစုဝင်များထံ မှသိရသည်။

ယင်းအမှုကို ဆက်တိုက်စစ်ဆေးသွားမည်ဖြစ်ပြီး တစ်ပတ်အတွင်းတရားစီရင်ချက် ချမှတ်နိုင်ကြောင်း တရားရုံးအသိုင်းအ၀ိုင်းမှ သတင်း ရရှိသည်။

ဇူလိုင် ၁ရက်က ဖြူဖြူမင်းကို ဘာသာခြားအမျိုးသားနှစ်ဦးကအဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့်မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ၄၉ဦးကို ဖမ်းဆီးအရေးယူထားသည်။
 

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment