Pages

Sunday, July 6, 2014

မန္တလေး သိုးခြုံရပ်ကွက်အား အကြမ်းဖက်သမားများ လှုံ့ဆော်မှုပြုလုပ်ပြီး ထွက်ပြေး

RangonNewsDaily:: July . 6 .2014
မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် လုပ်ရပ်များကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ၂-ညရောက်ဖြစ်သည့် ယနေ့ ဇူလိုင်လ ၅-ရက် ည ၈ နာရီခွဲခန့်တွင် မွတ်စလင်အများစုနေထိုင်ရာ မန္တလေး ချမ်းမြသာစည်မြို့နယ် သိုးခြံရပ်ကွက်အတွင်းသို့ အကြမ်းဖက် လှုံ့ဆော်သူတစ်စု ဆိုင်ကယ် ၃-စီးဖြင့် အော်ဟစ်ဝင်ရောက်လာခဲ့ရာ ရပ်ကွက်ဒေသခံများမှ ၀ိုင်း၍ လိုက်ကြသဖြင့် ထွက်ပြေးသွားကြောင်း သိရပါတယ်။
"ဟုတ်ကဲ့ ကျွန်တော်တို့ တရာဝီ(ဥပုသ်လ ၀တ်ပြုမှု)ပြုလုပ်နေချိန် ဖြစ်သွားတာပါ။ ကျွန်တော်တို့တွေက ဗလီထဲမှာ ဆွလာသ်ဝတ်ပြုနေကြတာပါ။ သူတို့က အော်ပြီး ၀င်လာတော့ ကျွန်တော်တို့လည်း ၀တ်ပြုတာရပ်ပြီး ၀ိုင်းလိုက်ကြတာပါ။ သူတို့ ထွက်ပြေးသွားကြပါတယ်။ ၀င်လာတာကတော့ ဆိုင်ကယ် ၃-၄ စီးပါပဲ။ 

သူ့နောက်မှာတော့ လူအုပ်ပါတယ်လို့ အပြင်က မြင်တဲ့သူတချို့ ကတော့ပြောတယ်။ သူတို့က ၆၂-လမ်း လမ်းမကြီးဘက်က ၀င်တာမဟုတ်ဘူးဗျ။ အနောက်ဘက် သံလမ်းဘက် လမ်းအသစ်ကနေ ၀င်တာ။ ဟုတ်ကဲ့ လုံခြုံရေးက ခုနကပဲ ရဲတွေတော့ ပတ်နေပါတယ်။ အခုတော့ အေးအေးဆေးဆေးပါပဲ။"ဟု သိုးခြံရပ်မှာ နေထိုင်သူက ပြောပါတယ်။
::
၎င်းကိစ္စရပ်နှင့်ပတ်သက်၍ သိုးခြံရပ်နှင့် အနီးဆုံးတွင်ရှိနေသည့် ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်းသို့ M-Media က ည ၉-နာရီက ဆက်သွယ်စုံစမ်းရာတွင် "ကျွန်တော်တို့က သိုးခြံနားကပဲခင်ဗျာ။ အခုထိတော့ ထူးခြားမှု ဘာမှ မရှိပါဘူးခင်ဗျာ"ဟု ဖြေကြားခဲ့ပါတယ်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော အကြမ်းဖက် လုပ်ရပ်များကြောင့် မန္တလေးမြို့ခံများနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းသွားစေရန်သာ ဆန္ဒရှိနေကြပါတယ်။
::
သိုးခြံဖြစ်စဉ်နှင့် တစ်ချိန်တည်းနီးပါးမှာပင် ပြည်ကြီး တံခွန်မြို့နယ် တောင်မြင့် ရပ်ကွက်၌လည်း "ကုလားတွေ ဘာညာ"ဟု ဆဲဆိုကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်၍ ဆိုင်ကယ်မောင်းပြေးသွားကာ သွားကြောင်း သိရသည်။ 

M-Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment