Pages

Sunday, July 6, 2014

ဟိုတယ်အခန်းတံခါးမှား၍ ထုမိရာမှ စကားများရန်ဖြစ်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့

RangonNewsDaily:: July . 6 .2014
ဟိုတယ်အခန်းတံခါးမှား၍ ထုမိရာမှစကားများရန်ဖြစ်ခဲ့ပြီးသေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်
စဉ်တစ်ခု မန္တလေးမြို့တွင်ယနေ့ မနက်က ဖြစ်ပွားခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး
တိုင်းရဲတပ်ဖွဲ့မှုးရုံးမှသိရသည်
ဇူလိုင်လ၄ရက်နေ့ မနက်၁နာရီခန့် အချိန်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်
ကွက်ရှိ ရွှေဖြူဟိုတယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသဖြင့်တိုင်း
ရဲ အကူတပ်ဖွဲ့ခွဲမှုး ဒုရဲမှုးကြီးမြင့်ဦး၊ ခရရမှုး(မန္တလေး)ဒုရဲမှုးကြီးစိန်ထွန်းနှင့်အဖွဲ့တို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ ရာတည်းခိုရန်လာရောက်သောလားရှိုးမြို့ နေ ရဲကိုကို က ယင်းဟိုတယ်၏ (၉)ထပ်မြောက်၊ အခန်းနံပါတ်(၉၀၁)တွင်တည်းခိုနေသော ထင်ထွန်း
၏ အခန်းတံခါးကို မှား၍ လက်ဖြင့်ထုမိခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ကြပြီး တင်ထွန်းက ၎င်းတွင်အသင့်ပါလာသည့်
သေနတ်ဟု ထင်ရသောအရာဖြင့် ပစ်ခတ်ရာရဲကိုကို ၏ ဝဲဘက်နားထင် ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး (သတိမရ) မန္တလေးဆေးရုံကြီးသို့ တင်ပို့ ကုသထားခဲ့သည်။
::
ထို့နောက် တင်ထွန်းမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် အမှုမှ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက်လိုက်လံရှာဖွေရာ
အခင်းဖြစ်ပွားသည့်နေရာ အခန်း(၉၀၁)ရှေ့ လူသွားလမ်းပေါ်မှ ပွိုင့်၂၂ကျည် အမျိုးအစားဟု ထင်ရသောကျည်ဆံခွံတစ်ခွံကိုရှာဖွေတွေ့ရှိရသဖြင့် သိမ်း
ဆည်းခဲ့သည်။

တိုင်းရဲတပ်ဖွဲ့ ခွဲမှုးဒုရဲမှုးကြီးမြင့်ဦး၊ ခရရမှုး(မန္တလေး) ဒုရဲမှုးကြီး စိန်ထွန်းတို့မှ အနီး
ကပ်ကြီးကြပ်၍ တိုင်းရဲအကူတပ်ဖွဲ့ခွဲ(မှု/ကူ)မှ ရဲအုပ်ရဲမြင့်တို့အဖွဲ့နှင့် ပူးပေါင်း၍ ယင်း
သွားရောက်တည်းခိုနိုင်သည့် ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ကျွဲဆည်ကန်ကားကြီး
ကွင်း၊ သီရိမန္တလာကားကြီးကွင်း၊ပြည်ကြီးမျက်ရှင် ကားကြီးကွင်းတို့အား ပိတ်
ဆို့ ရှာဖွေခဲ့သည်။ထိုသို့ ပိတ်ဆို့ ရှာဖွေခဲ့စဉ် မနက်၅နာရီအချိန်တွင် တင်ထွန်းအား ရွှေဖြူဟိုတယ်၏အနောက်ဖက် (၆၄လမ်းနှင့်၆၅လမ်း)ကြား၊ ဒူးကြားလမ်းတွင် ဖမ်း
ဆီးရမိ ခဲ့သည်။
::
ယင်းဖြစ်စဉ်ကြောင့် တင်ထွန်းအား လူအား သေစေရန်ကြံစည်မှုဖြင့် မဟာအောင်မြေ
မြို့နယ် မြို့မရဲစခန်းတွင် (ပ)၃၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၀၇/၃၂၆အရ အမှုဖွင့်ထားပြီး
သက်သေခံ သိမ်းဆည်းရမိနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

The Myanmar Age ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment