Pages

Sunday, July 6, 2014

မန္တလေးပဋိပက္ခ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေများ မတည်ငြိမ်

ကိုထွန်းထွန်းရဲ့ ဈာပနကို  ပြုံးပျော်ရွင်စွာ လက်ခုတ်တီး ပိုဆောင်ခဲ့ကြသူများကိုတွေ့ရစဉ်
RangonNewsDaily:: July . 6 .2014
မန္တလေး ပဋိပက္ခရဲ့ ဒုတိယညမှာ သတ်ခံခဲ့ရတဲ့ ကိုထွန်းထွန်းရဲ့ဈာပနကို ဇူလိုင် ၄ရက်နေ့က ကျုံးကိုပတ်ပြီး လူထောင်နဲ့ချီ လိုက်ပို့ခဲ့ရာမှာ ရုန့်ရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တစ်မြို့လုံးလည်း ကောလဟာလတွေ ပြန့်နှံ့နေပြီး ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေတွေဟာ မတည်ငြိမ်သေးပါဘူး။
ကိုထွန်းထွန်းရဲ့ ဈာပနကို လိုက်ပါပို့ဆောင်တဲ့ လူအုပ်ကြီးဟာ လမ်း၈ဝနဲ့ ၂၁လမ်းထောင့်အရောက် ယာဉ်တန်းကို ဗလီဝင်းထဲကနေ ထွက်ကြည့်တဲ့ မွတ်ဆလင် ၃ယောက်ကို လူအုပ်ကြီးက ရိုက်နှက်ဖမ်းဆီးဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လူစုလူဝေးတွေဟာ ရဲတွေရောက်လာရင် ပျောက်သွားပြီး ရဲတွေမရှိတဲ့နောက်တစ်နေရာမှာ လူစုလူဝေးက ပြန်ပေါ်လာတယ်လို့ လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူး ဦးမောင်မောင်ခိုင်က ပြောပါတယ်။ ဈာပနပြီးရင် ဆူပူအောင်လုပ်မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် လမ်းကြောင်းတွေ ခွဲထားတယ်လို့ ဆိုပါတယ်။

နေရာတိုင်းမှာ လုံခြုံရေးအင်အား မချနိုင်ပေမယ့် အရေးကြီးတဲ့နေရာတွေမှာ ချထားနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်ရင်တော့ အင်အားလုံလောက်ပါတယ်လို့ ဆိုပါတယ်။ ၈၂လမ်းထဲက ဂျွန်းဗလီထဲကို မနက် ၅နာရီလောက်မှာ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေခဲ့ပြီး ဘာသာရေးအခမ်းအနားတွေမှာ သုံးစွဲမယ့် ဓားနဲ့ ထင်းတွေကို ဗန်းပြပြီး လူ ၅ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဗလီဂေါပကက ပြောပါတယ်။

သတင်းမီဒီယာတွေကို လူအုပ်ကြီးက ပစ်မှတ်ထား တိုက်ခိုက်ဖို့ လူမှုကွန်ရက်တွေမှာ လှုံ့ဆော်နေသလို ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေက လိုအပ်ချက်တွေအများကြီးရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပုသိမ်ကြီးမြို့ပါကိုပါ ညမထွက်ရအမိန့် တိုးချဲ့ထုတ်ပြန်လိုက်ရတဲ့ မန္တလေး ပဋိပက္ခတွေဟာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် ပိုပြီးကြီးထွားလာဖွယ်ရှိနေပါတယ်။

Kamayut Media , 
KOLATT(PBDN)
RangonNewsDaily



 ကိုထွန်းထွန်းရဲ့ ဈာပနကို  ပြုံးပျော်ရွင်စွာ လက်ခုတ်တီး ပိုဆောင်ခဲ့ကြသူများကိုတွေ့ရစဉ်

 ကိုထွန်းထွန်းရဲ့ ဈာပနကို  ပြုံးပျော်ရွင်စွာ လက်ခုတ်တီး ပိုဆောင်ခဲ့ကြသူများကိုတွေ့ရစဉ်

 ကိုထွန်းထွန်းရဲ့ ဈာပနကို  ပြုံးပျော်ရွင်စွာ လက်ခုတ်တီး ပိုဆောင်ခဲ့ကြသူများကိုတွေ့ရစဉ်

 ကိုထွန်းထွန်းရဲ့ ဈာပနကို လုံခြုံရေးယူပေးနေသော တာဝန်ကျလုံထိန်းများ

ကိုထွန်းထွန်းရဲ့ ဈာပနကို  ပြုံးပျော်ရွင်စွာ လက်ခုတ်တီး ပိုဆောင်ခဲ့ကြသူများကိုတွေ့ရစဉ်


 ဆူပှုအကြမ်းဖက်လှုံဆော်ကာ ဈာပနာလိုက်ပို့ခဲ့ကြသူများ

  ဆူပှုအကြမ်းဖက်လှုံဆော်ကာ ဈာပနာလိုက်ပို့ခဲ့ကြသူများ

  ဆူပှုအကြမ်းဖက်လှုံဆော်ကာ ဈာပနာလိုက်ပို့ခဲ့ကြသူများ

  ဆူပှုအကြမ်းဖက်လှုံဆော်ကာ ဈာပနာလိုက်ပို့ခဲ့ကြသူများ

 တုတ် ၊ ဓား ကိုင်ဆောင်ကာ အော်ဟစ်ကာဈာပနာလိုက်ပို့ခဲ့ကြသူများကိုတွေ့ရစဉ်

 တုတ် ၊ ဓား ကိုင်ဆောင်ကာ အော်ဟစ်ကာဈာပနာလိုက်ပို့ခဲ့ကြသူများကိုတွေ့ရစဉ်


0 comments:

Post a Comment