Pages

Sunday, July 6, 2014

ခိုးမှုများကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိထားသူအားစစ်ဆေးရာမှ ဖုန်းခိုးမှု များနှင့် ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်


RangonNewsDaily:: July . 6 .2014
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်
များသည် ခိုးမှုများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေအတွင်းသတင်းစုံစမ်း
ဆောင်ရွက်ခဲ့ရာ ခိုးမှုများကျူးလွန် ထားကြောင်း မသင်္ကာသတင်းရရှိထားသူ လှိုင်သာယာမြို့နယ်နေ ချစ်ကို၊ (၁၉)နှစ်၊ (ဘ)ဦးမြင့်ဆွေအား ၂၀.၆.၂၀၁၄ရက်နေ့
တွင်ပန်းဘဲတန်းမြို့နယ်၊(၅)ရပ်ကွက်၊ ရွှေဘုံသာလမ်းအထက်ဘလောက်၌တွေ့ရှိ
ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား ခိုးမှုများနှင့်ပတ်သက်၍စစ်ဆေးရာ ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်း ရေကူးနေသူ အမျိုးသားတစ်ဦးထားရှိခဲ့သည့် HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးအားခိုးယူခဲ့ပြီး ရောင်းချ
ထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ဆက်လက်စစ်ဆေးချက်အရ မေလအတွင်း၌ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ပန်းခြံ အတွင်းထိုင်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အနီးမှ HUAWEI Y-220 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊ အဆိုပါပန်းခြံအတွင်း၌ပင် အခြားအမျိုးသားနှင့် အမျိုးသမီး တို့အနီးမှ HUAWEI Y-210 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊
::
ပြည်သူ့ရင်ပြင်ပန်းခြံဘေး၊ ပြည်လမ်း၊ မြေနီကုန်းကားမှတ်တိုင်တွင်ထိုင်နေသော အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ HUAWEI Y-300 အမျိုးအစား အနက်
ရောင် လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း ခိုးယူခဲ့ပြီးရောင်းချထားကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

ထို့ပြင် ဇွန်လအတွင်းက ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းထိုင်နေသည့် အမျိုးသားတစ်ဦး ၏ဘေးမှ HUAWEI Y-220 အမျိုးအစား အနက်ရောင်လက်ကိုင်
ဖုန်း(၁)လုံးအားလည်းကောင်း၊ ပြည်သူ့ရင်ပြင်ဘေး၊ ပြည်လမ်းမပေါ်တွင်အိပ်နေ
သော အမျိုးသားတစ်ဦး၏ SAMSUNG SCH-1619 အမျိုးအစား အဖြူရောင်
လက်ကိုင်ဖုန်း(၁)လုံးနှင့် HUAWEI အမျိုးအစား အနက်/အပြာရောင် KEY PAD လက်ကိုင်ဖုန်း(၁)လုံးတို့ပါရှိသည့် အနီရောင်ကျောပိုးအိတ်အားလည်းကောင်း၊ 
::
၁၇.၆.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်အတွင်း ထိုင်ခုံပေါ်တွင်
အိပ်နေသော အမျိုးသားတစ်ဦး၏ ဘောင်းဘီအိတ်အတွင်းမှ HUAWEI 730 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံးအား လည်းကောင်း၊ 

၁၈.၆.၂၀၁၄ ရက်နေ့က ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် HAPPY WORLDကစားကွင်း ရေကန်အနီးတွင်ထိုင်နေကြသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတို့ဘေးမှ HUAWEI အမျိုးအစား KEY PAD လက်ကိုင်ဖုန်း အနက်ရောင် (၁)လုံးနှင့် အဖြူရောင်(၁)လုံး
တို့အားလည်းကောင်း၊ 
::
၂၀.၆.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့နယ်၊ မနော်ဟရီလမ်း၊ဆောက်လုပ်ရေးဝင်းအတွင်း
ရှိ အဆောက်အဦအတွင်းမှ HUAWEI Y-320 အမျိုးအစား အနက်ရောင် လက်ကိုင်
ဖုန်း(၁)လုံးအားလည်းကောင်း၊ ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းရှိ နေအိမ်တစ်အိမ် အတွင်းမှ HUAWEI C-8813 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အား
လည်းကောင်း ခိုးယူခဲ့ပြီးရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုကဲ့သို့ဖုန်းခိုးမှုများကျူးလွန်ခဲ့သည့်အပြင် ၂၄.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်
ခန့်တွင် မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင် ဂုံးတံတားအောက်ရှိ ဆိုင်ကယ်ကယ်ရီ
သမား၏ HI BOBO-110 အနက်ရောင် ဆိုင်ကယ်(၁)စီးနှင့် ၁၈.၆.၂၀၁၄ ရက်နေ့
၀၁၀၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်လမ်းဘေး တွင်ရပ်ထားသော KIEBO CZI-125 အမျိုးအစား နီ/နက်ရောင်ဆိုင်ကယ်(၁)စီး
တို့အား ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
::
ယင်းသို့ ပစ္စည်းများခိုးယူရောင်းချထားကြောင်းပေါ်ပေါက်ချက်အရ သက်ဆိုင်ရာ
ရဲစခခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံပစ္စည်းများသိမ်းဆည်း
ပြီး ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment