Pages

Friday, July 18, 2014

သစ်လုပ်ငန်းအရာရှိတစ်ဦး ကွန်တိန်နာကြိတ်မိ၍ သေဆုံး

RangonNewsDaily:: July . 18 .2014
မြန်မာ့သစ်လုပ်ငန်းမှ အင်ဂျင်နီယာတစ်ဦးသည် လမ်းဖြတ်ကူးစဉ် ကွန်တိန်နာ
ယာဉ်အကြိတ်ခံရသဖြင့် သေဆုံးသွားကြောင်းသတင်းရရှိသည်
ကမာရွတ်မြို့နယ်၊ ကမ်းနား လမ်းအတိုင်း မောင်းလာသော ကွန်တိန်နာယာဉ်တစ်စီး
သည် ဇူ လိုင် ၁၅ရက် ညနေက ဘုရင့် နောင်လမ်းနှင့်လှည်းတန်းလမ်း ဆုံ မီးပွိင့်အနီး
တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦးကိုတိုက်မိခဲ့ခြင်းဖြစ်သည်။

ကွန်တိန်နာယာဉ်၏ နောက် ဘီးဖြင့် ရင်ဘတ်ကိုကြိတ်မိခဲ့ပြီး ယာဉ်မောင်းမှာအခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်ခံရသူမှာ ရင်ဘတ်ပွင့် ထွက်သည့် ဒဏ်ရာများရရှိကာအ ဆိုပါနေရာတွင် သေဆုံးသွားခဲ့ သည်။
::
‘‘သူက မြန်မာ့သစ်လုပ်ငန်း က အင်ဂျင်နီယာတစ်ဦးပါ။ ကြည့်မြင်တိုင်မှာနေတာ။ သူ့ကား ကို ဆင်မလိုက်ဈေးနားမှာ ရပ် ထားခဲ့ပြီး ထမင်းကြော်ဆိုင်ဘက် ကို လမ်းဖြတ်ကူးတော့ လမ်း လယ်တုံးအကျော်လေးမှာ ရှေ့ က ကားလေးတစ်စီးကပွတ်တိုက် သွားပြီး ချော်အလဲမှာ ကွန်တိန်နာ နောက်ဘီးနှစ်ဘီးနဲ့ကြိတ်မိတာ’’ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့်သေ ဆုံးသူသည် အသက်(၅၉)နှစ်အ ရွယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ အ ထွေထွေမန်နေဂျာအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ကြည့်မြင်တိုင်မြို့ နယ်၊ မြန်မာ့သစ်လုပ်ငန်းအရာရှိ ရိပ်သာတွင် နေထိုင်သူဖြစ် ကြောင်း စုံစမ်းသိရှိရသည်။ 
::
ဇူလိုင် ၁၆ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ ကလည်းအထူးဝမ်းနည်းကြေကွဲ ကြောင်းထည့်သွင်းထားသည်။

ထွက်ပြေးသွားသည့် ယာဉ် မောင်းကို ကမာရွတ်မြို့မရဲစခန်း က အမှုဖွင့်ကာ ဖမ်းမိရေးစုံစမ်း ဆောင်ရွက်နေကြောင်း ကမာ ရွတ်နယ်မြေမှ တာဝန်ကျယာဉ် ထိန်းရဲတစ်ဦးကပြောသည်။

7 Day ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment