Pages

Friday, July 18, 2014

လှိုင်က မီးလောင်ကွင်းဆီ ကားပွဲတန်း စရွှေ့ပြီ၊ မဲနှိုက်နေရာချ အငြင်းပွားကြ

RangonNewsDaily:: July . 18 .2014
ရန်ကုန်မြို့ လမ်းမတော် မင်းရဲကျော်စွာလမ်းက ကားဝယ်ရောင်းစခန်းကို လှိုင်မြို့နယ် ၁၄ရပ်ကွက်က ဘာတာ မီးလောင်ကွင်းကို ဇူလိုင် ၁၆ရက်နေ့ကစပြီး ရွှေ့ပြောင်းနေပါပြီ။ နေရာသစ်မှာ နေရာချဖို့ မဲနှိုက်နေပြီး နေရာချထားရေး အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
လက်ဝါးကြီးအုပ် စီးပွားရေးသမားတွေပါ ပါနေပြီး နည်းမျိုးစုံသုံးပြီး နေရာအရေအတွက်ကို ပိုလိုချင်နေကြတယ်လို့ ကားဝယ်ရောင်းသမား ကိုပေါက်က ပြောပါတယ်။ ကုမ္ပဏီတွေက မြေနေရာအခက်အခဲရှိလို့ ပွဲစားတန်းမှာ တစ်နေ့ ၂ဝဝကျပ်ပေးပြီး လာရပ်နေတာကြောင့် တစ်နိုင်တစ်ပိုင်သမားတွေ ဒုက္ခရောက်တယ်လို့ ဆိုပါတယ်။

၉ဧကလောက် ကျယ်ဝန်းတဲ့ ဘာတာမီးလောင်ကွင်းမှာ နေရာချတဲ့အစီအစဉ်မှာ မဲနှိုက်သူတွေထဲ မင်းရဲကျော်စွာဝင်းထဲမှာ မပါတဲ့သူတွေပါ လာပြီးမဲနှိုက်ကြတယ်လို့ ဆိုပါတယ်။ တိုကင်နံပါတ်ယူပြီး နေရာချတဲ့အခါမှာ မျက်နှာစာတန်းမရလို့ မကျေနပ်သူတွေရှိလို့ မဲနှိုက်တဲ့နေရာမှာ အငြင်းပွားမှုတွေ ရှိနေပါတယ်။
ကားဝယ်ရောင်းလုပ်သူတွေ အရမ်းများလို့ လှိုင်မြို့နယ်တစ်ခုလုံး နေရာချပေးရင်တော့ မလောက်ဘူးလို့ ကိုမိုက်မိုက်က ဆိုပါတယ်။
::
မဲနှိုက်ပြီးနေရာချတာမြန်အောင် ၅စီးတွဲ၊ ၁ဝစီးတွဲလုပ်မှာဖြစ်ပြီး မဲနှိုက်မှပဲ ပွင့်လင်းမြင်သာမှု ရှိမယ်လို့ ပြောပါတယ်။

မင်းရဲကျော်စွာကနေ လှိုင် ဘာတာမီးလောင်ကွင်းကို ဇူလိုင် ၂၈ရက်နေ့အပြီး ပြောင်းရွှေ့ဖို့ ရန်ကုန်စည်ပင်က ပြောထားပေမယ့် ကားပွဲစားတွေက နောက်ထပ် ၅ရက်လောက်တိုးပေးဖို့ ဆန္ဒရှိနေတယ်လို့ ဦးအေးကျော်က ပြောပါတယ်။ အခုလို ကြန့်ကြာမှုတွေဖြစ်ရတာ စည်ပင်ဝန်ထမ်းတွေရဲ့ စာရင်းလွဲမှားမှုတွေကြောင့်လို့ သူက ဆိုပါတယ်။

Kamayut Media ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment