Pages

Friday, July 18, 2014

၂၀၁၄ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်း ပစဉ် လမ်းကြောင်း ပိတ်ဆို့ထားမှုနှင့် အာဇာနည်ဗိမာန်သို့ ဝင်ရောက်ရမည့်လမ်း ကြောင်း သတ်မှတ်ကြေညာခြင်း


RangonNewsDaily:: July . 18 .2014
၁။ (၆၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ ၀၈း၀၀အချိန်၌ စတင်ကျင်းပမည် ဖြစ်ရာ ဇူလိုင် ၁၈ ရက်နေ့ ၁၈း၀၀ အချိန်မှ ဇူလိုင် ၁၉ ရက်နေ့ ၁၈း၀၀အချိန် ထိ အောက်ဖော်ပြပါ လမ်းကြောင်းများကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ဆို့ထားမည် ဖြစ်ပါသည်-
( က ) ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံရာမှ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း အနောက်ရွှေဂုံတိုင် (၁)လမ်းထိပ်ထိ။
( ခ ) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့မုခ်စောင်းတန်းအထိ။
( ဂ ) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည် ဓမ္မာရုံဘေး လမ်းကြားများ။

၂။ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ရွှေတိဂုံတောင်ဘက် မုခ်မှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်မှ တစ်ဆင့် ရွှေတိဂုံ မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန် ဝင်ပေါက် ဂိတ်(၂) မှ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင်လမ်းသို့ ဂိတ်(၃)မှ ပြန်လည်ထွက်ခွာရမည်ဖြစ်ပါသည်။
::
၃။ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ် ၁၂း၀၀အချိန်မှ ၁၇း၀၀ အချိန်ထိအာဇာနည်ဗိမာန်သို့ အများပြည်သူ လာရောက်ဂါရ၀ပြုနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ရာ လာရောက်ကြမည့် ပြည်သူများသည် အနောက်ရွှေဂုံတိုင် လမ်းမှတစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ်(၁)မှဝင်ရောက်၍ ဂိတ်(၂)မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ် စောင်းတန်းသို့ ထွက်ခွာရမည်ဖြစ်ပါသည်။

၎။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ရောက်ဂါရ၀ပြုကြမည့် သူများသည် လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်းနှင့် ကြိုတင်စစ်ဆေးခံယူမှု မရှိသော ပန်းခွေ၊ ပန်းခြင်းစသည့် လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့်မပြုကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။
::
၅။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်/ထွက်ရာ လမ်းကြောင်းနှင့်ဂိတ်များ၌ လုံခြုံရေးအရ ရှာဖွေ စစ်ဆေးမှုများကို ပူးပေါင်းကူညီသောအားဖြင့် ကြည်ဖြူစွာ အစစ်ဆေးခံပေးကြပါရန်နှင့် သတ်မှတ်လမ်းကြောင်းမှသာ စည်းကမ်းတကျ ဝင်ရောက်ထွက်ခွာကြပါရန် မေတ္တာရပ်ခံပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့

ဧရာဝတီ ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment