Pages

Friday, July 18, 2014

မလေးရှားလေယဉ် ဒုံးကျည်ဖြင်.ပစ်ချခံရ၊ ယဉ်ပေါ်ပါသူ၂၉၅ ဦးသေဆုံး


RangonNewsDaily:: July . 18 .2014
လူပေါင်း၂၉၅ ဦးလိုက်ပါလာသော မလေးရှားလေကြောင်းလိုင်းလေယာဉ်တစ်စီးသည် ယူကရိန်းနိုင်ငံအရှေ.ပိုင်းတွင်စစ်သွေးကြွများ၏ ဒုံးကျည်ဖြင့် တိုက်ခိုက်ပစ်ချမှုကြောင့် သည်ကနေ.ကြာသာပတေးနေ.တွင် ပျက်ကျသွားကြောင်း၊ လေယာဉ်ပေါ်ပါသူအားလုံးအသက်ဆုံးရှုံးခဲ့ကြောင်းယူကရိန်းအစိုးရပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကို ကိုးကား၍ ရုရှားနိုင်ငံပိုင် အင်တာဖက်စ်သတင်းဌာနကကြေငြာလိုက်သည်။
မလေးရှားလေကြောင်း MH-17 သည် နယ်သာလန်နိုင်ငံ အမ်စတမ်ဒမ်လေဆိပ်မှမလေးရှားနိုင်ငံကွာလာလမ်ပူမြို.သို.ပျံသန်း
လာရာရုရှားအစိုးရကိုလိုလားသောယူကရိန်းစစ်သွေးကြွတို.၏ အခိုင်အမာခြေကုပ်စိုက်ရာယူကရိန်းနိုင်ငံအရှေ.ပိုင်း ဒွန်းနက်
စ်မြို.သို.အရောက်တွင် ဝေဟင်မှမြေပြင်ပစ်ဒုံးကျဉ်ဖြင့်ပစ်ချခံခဲ့ရကြောင်း ပြည်ထဲရေးတာဝန်ရှိသူ အန်တန်ဂရန်ရှန်ကိုကပြော
ကြားသည်။

လေယဉ်ပေါ်တွင် ခရီးသည် ၂၈၀ ဦးနှင်. လေယဉ်အမှုထမ်း ၁၅ ဦးတို.ပါရှိကြောင်း၊လေယာဉ်အား ရုရှားနိုင်ငံထုတ် မြေပြင်မှဝေ

ဟင်ပစ်တာလတ် ပစ် Buk ဒုံးကျည်ဖြင်.တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဖြည်.စွက်ပြောကြားသည်။
::
ပျက်ကျရာနေရာရှိဒေသခံတို.က လေယာဉ်အပျက်အစီးအပိုင်း အစများကိုတွေ.ခဲ့ကြောင်းပြောဆိုသော်လည်း၊ ယခုသတင်းကို

ထပ်မံ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မလေးရှားလေကြောင်းကMH-17 လေယဉ်အားအဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်ကြောင်း၊ နောက်ဆုံးအဆက်
အသွယ်
ခဲ့သည်.အချိန်တွင် လေယာဉ်သည် ယူကရိန်းနိုင်ငံလေပိုင်နက်အတွင်းမှာရှိကြောင်း လူမှုကွန်ယက်ဆိုဒ် တွစ်တာတွင်ရေးသား
ထားသည်။
::
လေယဉ်သည်အမြင့်ပေတစ်သောင်းခန်.မှ ပျံသန်းနေစဉ်တွင် ရေဒါမှပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း၊ ပျက်ကျရာနေရာ

သည် ရုရှားနယ်စပ်မှ ၂၅ မိုင်အကွာတွင်ဖြစ်ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများကဆိုသည်။ ပျက်ကျရာနေရာသည်ရုရှား
လိုလားသောယူကရိန်းခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရစစ်တပ်တို.မကြာခဏ တိုက်ပွဲများဖြစ်ရာနေရာလည်းဖြစ်သည်။
::
လေးလကြာမြင့်လာပြီဖြစ်သော ယူကရိန်းပြည်တွင်းစစ်တွင် ရုရှားက တက်ကြွစွာပါဝင်ပတ်သက်နေကြောင်း၊ မကြာသေးမီက ယူကရိန်းလေတပ်၏ တိုက်လေယဉ်တစ်စီးအားလည်းပစ်ချခဲ့ကြောင်း ယူကရိန်းအစိုးရစွပ်စွဲထားသော်လည်း ရုရှားက
 ထိုစွပ်
စွဲချက်ကို မဟုတ်မှန်ကြောင်းငြင်းပယ်ထားသည်။

(ကိုးကား၊ ရိုက်တာ)

KOLATT(PBDN)

RangonNewsDaily








0 comments:

Post a Comment