Pages

Tuesday, July 1, 2014

ထားဝယ်မြို့ပေါ် အကြွေစေ့လောင်းကစားဆိုင်အား ညဘက်ဝင်ဖမ်း

RangonNewsDaily:: June . 30 .2014
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက် သရက်ချောင်း ကား ဂိတ်အနီးရှိ အကြွေစေ့ထည့် ကစား ရသော လောင်းကစားဆိုင်ဖြစ်သည့် မန်းနီးဂိမ်းဆိုင်တစ်ဆိုင်အား ဇွန် ၂၇ ရက် ညက ဝင်ရောက်ဖမ်းဆီးခဲ့ ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရ သည်။
ယင်းနေ့ ည ၉နာရီခန့်တွင် ကြက်စားပြင်ရပ်ကွက် အောင်ဆွေ ဒဂုံလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် သရက်ချောင်း ကားဂိတ် အနီး ဈေး ဆိုင်တန်း အမှတ်(၉)တွင် ဖွင့်ထား သည့် မန်းနီးဂိမ်းဆိုင်အား ထားဝယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဦးဆောင် သောအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဂိမ်း စက် ၃၆လုံး၊ ငွေကျပ် ၂၆သိန်း ကျော်နှင့်အတူ ဆိုင်ပိုင်ရှင်တစ်ဦး၊ ဆိုင်လုပ်သားတစ်ဦးနှင့် မန်းနီးဂိမ်း လောင်းကစားနေသူ ငါးဦးတို့ကို ဖမ်း ဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်း နှင့် ကြက်စားပြင်ရပ်ကွက် အုပ်ချုပ် ရေးမှူးထံမှ သိရသည်။

''ဖမ်းတဲ့ညမတိုင်ခင် မနက်ပိုင်း မှာတောင် ဆိုင်ရှင်ကိုခေါ်ပြီး သတိ ပေးခဲ့သေးတယ်။ သူကလဲ ခံဝန် လက်မှတ် ထိုးပြီး ပြန်သွားပေမယ့် ညဘက်မှ ဆက်ဖွင့်နေသေးတယ်''ဟု ကြက်စားပြင်ရပ်ကွက် အုပ်ချုပ် ရေးမှူးက ရှင်းပြသည်။


ဝင်ရောက်ဖမ်းဆီးရာတွင် ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေး မှူး၊ ပိန္နဲတောရပ်ကွက် အထောက် အကူပြုအဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ ဝင်များ စုစုပေါင်းအင်အား နှစ်ဆယ် ခန့် ပါရှိကြောင်း ၎င်းက ဆိုသည်။
''ညဦးပိုင်းလောက်ကတည်းက ပဲ။ ၈နာရီကျော်လောက်ရှိပြီ။ ကစား နေတဲ့သူတွေရော အားလုံးဖမ်းခေါ် သွားတယ်''ဟု အဆိုပါမန်းနီးဂိမ်း ဆိုင်အနီးတွင်ရှိနေသည့် မျက်မြင် တစ်ဦးက ည ၁၁နာရီခန့်တွင် ပြော သည်။


ဝင်ရောက်ဖမ်းဆီးရာတွင် မန်း နီးဂိမ်း လောင်းကစားပြုလုပ်သူတချို့ မှာ ထွက်ပြေး လွတ်မြောက်သွား ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။


ကြက်စားပြင်ရပ်ကွက်အတွင်း အဆိုပါမန်းနီးဂိမ်းဆိုင်ကို ပြီးခဲ့သည့် လဝက်ခန့်ကတည်းက စတင်ဖွင့်လှစ် ထားသည်။

Dawei Watch , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment