Pages

Tuesday, July 1, 2014

ကိုလံဘီယာ တိုက်စစ်မှူး ရိုဒရီဂွက်ဇ်၏ သွင်းဂိုးသည် ကမ္ဘာ့အကောင်းဆုံး မြေမကျသော သွင်းဂိုး ငါးဂိုးမြောက်အဖြစ် မှတ်တမ်းဝင်

RangonNewsDaily:: June . 30 .2014
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်း အဆင့်တွင် တွေ့ဆုံခဲ့သည့် ကိုလံဘီယာနှင့် ဥရုဂွေးပွဲစဉ်တွင် ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရိုဂွက်ဇ်၏ ဥရုဂွေး အသင်းဘက်သို့ ပွဲချိန် ၂၈ မိနစ်တွင် သွင်းယူနိုင်ခဲ့သည့် သွင်းဂိုးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး သွင်းယူခဲ့သည့် ငါးဂိုးမြောက် မြေမကျဘော သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဖီဖာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုပွဲစဉ်တွင် မိုနာကိုအသင်း တိုက်စစ်မှူး ရိုဒရိုဂွက်ဇ်သည် အသင်းဖော် ကွင်းလယ်ကစားသမား အဂူလာ၏ ဖြတ်တင်ပေးမှုကို ဂိုးရှေ့ ၂၅ ကိုက်အကွာမှ မြေမကျဘောသွင်းကာ ပထမဂိုး သွင်းပေးနိုင်ခဲ့ပြီး ဒုတိယဂိုးကိုလည်း ပွဲချိန် မိနစ် ၅၀ တွင် သွင်းပေးကာ နှစ်ဂိုး ဂိုးမရှိဖြင့် ဥရုဂွေးအသင်းကို အနိုင်ရရှိခဲ့သည်။

ထိုနိုင်ပွဲသည် ကိုလံဘီယာအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရှစ်ကြိမ်တွင် ပထမဆုံးအဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခြင်း ဖြစ်ပြီး ဘရာဇီးအသင်းနှင့် ဇူလိုင်လ ၄ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ကိုလံဘီယာ တိုက်စစ်မှူးသည် ကစားသမားဘဝကို ပေါ်တိုအသင်းတွင် အစပြုခဲ့ပြီးနောက် မိုနာကိုအသင်းသို့ ပေါင် ၃၀ သန်းဖြင့် ပြောင်းရွှေ့ကစားနေသည့် ကစားသမားလည်း ဖြစ်သည်။


ယခုအခါ ရိုဒရီဂွက်ဇ်သည် ကိုလံဘီယာ အသင်းတွင် သွင်းဂိုး ငါးဂိုးအထိ သွင်းယူနိုင်ခဲ့သဖြင့် ရီရဲလ်နှင့် ဘာကာ အသင်းတို့၏ အထူးစိတ်ဝင်စားမှု ခံနေရပြီး ကွားတားဖိုင်နယ်တွင် ဘရာဇီးကို အနိုင်ရရှိခဲ့ပါက ၎င်း၏ တန်ဖိုးသည် ပိုတက်လာမည် ဖြစ်ကြောင်း နည်းပြ ပီကာမန်က ဆိုသည်။


ကမ္ဘာ့အကောင်းဆုံး မြေမကျဘော သွင်းယူနိုင်ခဲ့သည့် ကစားသမား လေးဦး၏ သွင်းဂိုးများမှာ 


၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဘရာဇီးနှင့် နယူးဇီလန်တို့ တွေ့ဆုံခဲ့သည့် ပွဲစဉ်တွင် ဇီကို သွင်းယူခဲ့သည့်ဂိုး၊ 

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကိုနှင့် ဘူဂေးလ်ရီးယားတို့ ပွဲတွင် မန်နူရယ် နီဂရီတီ၏ သွင်းဂိုး၊ 

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရုဂွေးနှင့် ဒိန်းမတ်တို့ပွဲတွင် ဒါရီယို ရိုဒရီဂွက်ဇ် သွင်းယူခဲ့သည့် သွင်းဂိုး၊ 

၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အာဂျင်တီးနားနှင့် မက္ကဆီကိုပွဲတွင် မက်ဆီရိုဒရီဂွက်ဇ်၏ သွင်းဂိုးများ ဖြစ်သည်။

Mandalay Express , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment