Pages

Tuesday, July 1, 2014

ဗိုလ်တစ်ထောင်ဗောတံတားတွင်ရပ်တန့်ထားသောယာဉ်ကို အရက်မူးနေသူမှ တက်ရောက်မောင်းနှင်သဖြင့် အရှိန်လွန်ကာ မြစ်ထဲသို့ကျသွားခဲ့ပြီး ဒဏ်ရာရ


RangonNewsDaily:: June . 30 .2014
၂၉.၆.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင် အမှတ်(၅)ဗောတံတား ပေါ်မှ ယာဉ်တစ်စီး
ရန်ကုန်မြစ်အတွင်းပြုတ်ကျခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့အလုပ်သမားဖြစ်သူ ကျော်ဇင်(ခ)ကျော်ဇင်စိုးသည် ပြုပြင်ဆဲ ဆူဇူကီးအ
မျိုးအစား မီးခိုးရောင်ယာဉ်အားမောင်းနှင်လာပြီး အဆိုပါဗောတံတားတွင်ရပ်တန့်ကာ အပန်းဖြေနေစဉ် အနီးရှိအရက်မူး
နေသူ သာကေတမြို့နယ်နေ သန်းဇော်ဦး၊(၂၁)နှစ်မှ ၎င်းယာဉ်ကို တက်ရောက်မောင်းနှင်းခဲ့သဖြင့် အရှိန်လွန်
၍ မြစ်
အတွင်းသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
::
ထိုကဲ့သို့ မြစ်အတွင်းကျသွားခဲ့သဖြင့် ယာဉ်အနည်းငယ်ပျက်စီးပြီး သန်းဇော်ဦးတွင်ပွန်းပဲ့နာကျင် ဒဏ်ရာများရရှိ

ခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။
::
ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် သန့်ဇော်ဦးအား ဆိပ်ကမ်းမြို့မရဲစခန်းယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်
မ ၃၃၇/၂၇၉ ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment