Pages

Tuesday, July 1, 2014

အာရှအကြီးဆုံး သင်္ဘောဖျက် စက်ရုံတွင် ပေါက်ကွဲမှုကြောင့် ငါးဦး သေဆုံး

RangonNewsDaily:: June . 30 .2014
အိန်္ဒိယနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းရှိ အာရှ၏ အကြီးဆုံး သင်္ဘောဖျက် စက်ရုံဝင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ငါးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။အိန်္ဒိယတောင်ပိုင်း ဂူဂျာရတ်ပြည်နယ် အလန်မြို့ရှိ သင်္ဘောဖျက် စက်ရုံဝင်းအတွင်း သင်္ဘောတစ်စီးကို ဖျက်နေစဉ် ဓာတ်ငွေ့ ယို စိမ့်မှုမှ တစ်ဆင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
““နှစ်ဦးက ပွဲချင်းပြီး သေဆုံးပြီးနောက် ထပ်သုံးဦးက ဆေးရုံရောက်ပြီးတဲ့နောက် မီးလောင် ဒဏ်ရာတွေကြောင့် သေဆုံးသွားပါ တယ်””ဟု သင်္ဘောဖျက် စက်ရုံတည်ရှိရာ ဘာနာဂါစီရင်စုမှ ရဲအရာရှိတစ်ဦးဖြစ်သော မနင်ဒါပရာတပ်ဆင်း ပ၀ါက ပြောသည်။
::
ဒဏ်ရာရသူ နှစ်ဦးကို ဘာနာဂါစီရင်စု အစိုးရဆေးရုံတွင် ကုသပေးလျက်ရှိသည်။ ဘာနာဂါ စီရင်စုသည် ဂူဂျာရတ်ပြည်နယ် မြို့တော် အမီဒါဘတ်မှ မိုင် (၁၅၀) အကွာတွင် တည်ရှိသည်။ 

ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။ ကဗ္ဘာတစ်ဝန်းမှ သင်္ဘော ထောင်ပေါင်းများစွာကို အလန်မြို့ သင်္ဘောဖျက် စက်ရုံဝင်းသို့ ပို့ ဆောင်ကာ စနစ်တကျ ဖျက်သိမ်းလျက်ရှိသည်။

BBC ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment