Pages

Sunday, June 15, 2014

သမိုင်းထဲ က Captain Jack Sparrow Real Captain Jack Sparrow was a Muslim


RangonNewsDaily:: june . 15 .2014
သမိုင်းထဲ က Captain Jack Sparrow.Pirates of the Caribbean ဇာတ်ကားကို တော့ တော်တော်များများကြည့်ဖူး
ကြမယ်ထင်ပါတယ်။ Hollywood ရဲ့ A List မင်းသားကြီး Johnny Depp ရဲ့ Captain Jack Sparrow ဆိုတဲ့  
ဇာတ်ကောင်ကိုတော့သိကြမှာပါ။
တကယ်တော့ Captain Jack Sparrow ဆိုတာက အပြင်မှာ တကယ်ရှိခဲ့တဲ့ ပင်လင်ဓားပြတစ်ယောက်ပါ။

တစ်ကယ့် Captain Jack Sparrow က ဘာလူမျိုးလဲဆိုတာ ကြည့်ပြီးတကယ်အံသြမိတယ်။မွတ်စလင်မ်တစ်ယောက်
ပါတဲ့ ။သူရဲ့ နာမည်ရင်းက Captain Jack Ward ဖြစ်ပြီး Jack Birdy လို့ လည်းသိကြပါတယ်။

သူဟာ ၁၆ ရာစုနှောင်းပိုင်းမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ ပြီးသူရဲ့ သဘောင်္အမှုထမ်းအားလုံးဟာလည်းသူနဲ့ အတူ အစ္စလာမ်ဘာသာ သို့ သက်ဝင်ယုံကြည်ခဲ့ ပါတယ်။

Captain Jack ဟာ တူနီးရှားနိုင်ငံမှာရှိတဲ့ အခါက သူ့ ရဲ့ ဌက်ငယ်လေးနဲ့ သူ့ နဲ့ အတူရှိနေတဲ့ အတွက် အဲဒီနိုင်ငံသားတွေ
ကသူ့ ကို Jack Asfur လို့ ခေါ်ကြပြီး Asfur က အရဗီစကားဖြစ်ပြီး Sparrow လို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီအချိန်ကစပြီး သူ့ ရဲ့ အမည်က Jack Sparrow လို့ အမည်တွင်ခဲ့ တာပါ။သူဟာ အစ္စလာမ်ဘာသာကိုကူးပြောင်း
လာပြီးနောက်မှာသူ့ ရဲ့ နာမည်ကိုလည်း Yusuf Reis ဆိုပြီးပြောင်းလဲခဲ့ ပါတယ်။

သူဟာ ခရစ်ယာန် ဘာသာမှ အစ္စလာမ်သို့ ကူးပြောင်းခဲ့ သူJessimina the Sicilian နဲ့ လက်ထပ်ခဲ့ ပါတယ်။
Captain Jack Sparrow ခေါ် Jack Birdy ဟာ အရက်ကိုအလွန်အမင်းနှစ်သက်သူဖြစ်ပြီး အချိန်တော်တော်များ
များ မှာသောက်လေ့ ရှိပေမယ့်အစ္စလာမ် သို့ ကူးပြောင်းပြီးချိန်မှစပြီး အရက်သောက်ခြင်းကို လုံးဝ စွန့် လွှတ်ခဲ့ 
ပါတယ်။

ဒါ့အပြင် သူဟာ ၁၆ ရာစု နဲ့ ၁၇ ရာစု လောက်က ထောင်ပေါင်းများစွာသောစပိန်လူမျိုး ဂျူး နဲ့ မွတ်စလင်မ် တော်တော်
များများကို သူတို့ နေထိုင်ရာကျွှန်းမှနှင်ထုတ်ခဲ့ စဉ်က ကယ်ဆယ်ခဲ့ တဲ့ နေရာမှာအရေးပါတဲ့ လူတစ်ယောက်ဖြစ်ခဲ့ ပြန်
ပါတယ်။

Wiki မှာရေးထားတဲ့ သူ့ အကြောင်း
http://en.wikipedia.org/wiki/Jack_Ward

Original Writer >> Salim Khan
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment