Pages

Sunday, June 15, 2014

ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အနီကတ်အများဆုံး ပြသခံခဲ့ရသည့် အသင်းများစာရင်းတွင် နာမည်ကြီး ဘရာဇီးလ်အသင်း ထိပ်ဆုံးမှဦးဆောင်

(ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအနီကတ် ပြသခံခဲ့ရသည့် ဥရုဂွေးအသင်းမှ မက်ဆီပါရဲရား (နံပါတ်-၁၆)(Photo-AFP))
RangonNewsDaily:: june . 15 .2014
ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အနီကတ်အများဆုံး ပြသခံခဲ့ရသည့် အသင်းများစာရင်းတွင် ကမ္ဘာ့ဖလားချန်ပီယံဆုကို (၅)ကြိမ်တိုင်တိုင် ရယူခဲ့သည့် နာမည်ကြီး ဘရာဇီးလ်အသင်းက ထိပ်ဆုံး၌ ဦးဆောင်လျက်ရှိနေကြောင်း သိရသည်။
ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၉၃၀ ခုနှစ်မှ စတင်ကာ အကြိမ်(၂၀) စလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ် (၉၇)ပွဲ၌ အနီကတ်(၁၁)ကြိမ်အထိ ပြသခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့၏နောက်တွင် အာဂျင်တီးနားအသင်းက ပွဲပေါင်း (၇၀) တွင် အနီကတ် (၁၀) ကြိမ် ပြသခံခဲ့ရသလို၊ ကမ္ဘာ့ဖလား ပထမဆုံးချန်ပီယံ ဥရုဂွေးအသင်းမှာလည်း (၄၇) ပွဲကစားရာတွင် အနီကတ် (၉) ကြိမ် ပြသခံခဲ့ရသည်။ 

သို့သော်လည်း ကမ္ဘာ့ဖလားတွင် ကစားခဲ့သည့် ပွဲစဉ်နှင့် အနီကတ် ပြသခံခဲ့ရမှုနှုန်းကို အချိုးချကြည့်မည် ဆိုပါက သြစတြေးလျအသင်းမှာ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေကြောင်း သိရသည်။

 သြစတြေးလျအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စုစုပေါင်း (၃)ကြိမ်သာ ပါဝင်ကစားခဲ့ပြီး (၁၀) သာ ကစားထားသော်လည်း အနီကတ် (၄) ကတ်အထိ ပြသခံခဲ့ရရာ တစ်ပွဲလျှင် အနီကတ် ပြသခံရမှုနှုန်းမှာ (၀ .၄၀) ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment