Pages

Monday, June 16, 2014

ဂိုးစည်းနည်းပညာ ပထမဆုံးအသုံးပြုခဲ့ရသည့် ပြင်သစ်၏ဂိုးပြတ်အနိုင်

ဂိုးစည်းနည်းပညာဖြင့် ရရှိခဲ့သည့် ပြင်သစ်၏ဒုတိယဂိုး(Photo:AFP)
RangonNewsDaily:: June . 16 .2014
တစ်ဦးချင်းရော၊ အသင်းလိုက်ပါ အဖက်ဖက်က ကွာခြားနေသည့် အသင်းနှစ်သင်း၏တွေ့ဆုံမှုမှာ ပထမပိုင်းမှာပင် ဟွန်
ဒူးရပ်စ်ကွင်းလယ်လူ ပလာစီယို့စ် အထုတ်ခံရပြီး ပယ်နယ်တီပေးခဲ့ရပြီးနောက် ပြင်သစ်၏ဂိုးပြတ်နိုင် ပွဲမှာ သိပ်အားစိုက်
ရာမလိုခဲ့ပေ။

ဒီပွဲ၏ ထူးခြားချက်မှာ (၄၈)မိနစ်တွင် ပြင်သစ်ရရှိခဲ့သည့်ဂိုးမှာ ကမ္ဘာ့ဖလားတွင် ဂိုးစည်းနည်းပညာဖြင့် ပထမဆုံးအဆုံး
အဖြတ်ပေးခဲ့သည့်ဂိုးဖြစ်ပြီး ဟွန်ဒူးရပ်စ်ဂိုးသမား ဗယ်လာဒါရက်စ် ကိုယ့်ဂိုးကိုယ်သွင်း သည့်ဂိုးအဖြစ် သတ်မှတ်ခဲ့သည်။

ပြင်သစ်၏ ပထမဂိုးနှင့် တတိယဂိုးများကိုမူဘန်ဇီမာက ၄၅မိနစ် (ပယ်နယ်တီ)နှင့် ၇၂မိနစ်များတွင် သွင်းယူပေးခဲ့သည်။

ပွဲရလဒ်
ပြင်သစ် ၃-၀ ဟွန်ဒူးရပ်စ်

Eleven Media  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment