Pages

Monday, June 16, 2014

ဦးအောင်မင်းနှင့် ယွက်ဆစ် ချင်းမိုင်တွင် တွေ့ဆုံရန် စီစဉ်

RangonNewsDaily:: June . 16 .2014
တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၀န်ကြီး ဦးအောင်မင်းတို့ မကြာမီတွေ့ဆုံမည်ဖြစ်ကြာင်း သတင်းရရှိသည်။
‘‘တွေ့ဖို့တော့ ရှိတယ်။ ရက် တော့ မသတ်မှတ်ရသေးဘူး’’ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလှကပြောသည်။

ဝန်ကြီးဦးအောင်မင်းနှင့် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့သည် ယခုလမကုန်မီ ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် တွေ့ဆုံရန်စီစဉ်ထား ကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း တပ်မ တော်နှင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားခြင်းနှင့် မကြာသေးမီက RCSS/SSA မှ တပ်ဖွဲ့ဝင်တစ်ဦး ကို အစိုးရက မတရားအသင်းဆက်သွယ်သည့် ပုဒ်မနှင့် တရားစွဲဆိုခြင်းတို့ကြောင့် အစိုးရနှင့် RCSS/SSA တို့ကြားယုံကြည်မှု လျော့နည်းလာခဲ့သည်။

ထို့ကြောင့်အဆိုပါကိစ္စများ ပြန်လည်ဆွေးနွေးရန် ၀န်ကြီး ဦး အောင်မင်းနှင့်တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သည့်မှာ ၂ နှစ်ကျော်ကြာပြီဖြစ် သော်လည်းတိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment