Pages

Monday, June 16, 2014

အမြန်ဆုံးသွင်းဂိုးဖြင့်အနိုင်(၃)မှတ်ရယူနိုင်ခဲ့သည့် အာဂျင်တီးနား

အာဂျင်တီးနားအသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးသွင်းယူပေးခဲ့သည့် မက်ဆီထိုးဖောက်တိုက်စစ်ဆင်နေစဉ်။ 
(Photo: AFP)
RangonNewsDaily:: June . 16 .2014
အုပ်စု(စ)၏ အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်သည့်အာဂျင်တီးနားနှင့် ဘော့စနီးယားတို့ပွဲစဉ်ကိုဇွန်(၁၅)ရက်ကကျင်းပခဲ့ရာအာဂျင်တီး
နားအသင်းက ဘော့စနီးယားအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ယင်းပွဲစဉ်တွင်အာဂျင်တီးနားအသင်းအတွက်ပွဲအစ(၂)မိနစ်တွင်ရရှိခဲ့သောအဖွင့်ဂိုးမှာယခုနှစ်ပြိုင်ပွဲ၏အမြန်ဆုံးဂိုးအဖြစ်
စံချိန်တင်ခဲ့သည်။ အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးများကို ၂မိနစ် (ကိုလာဆီနက် OG)နှင့် မက်ဆီက ၆၅မိနစ်တွင်
သွင်းယူပေးခဲ့သည်။

 ဘော့စနီးယားအသင်းအတွက် လူစားဝင်လာသူ တိုက်စစ်မှူးး အိုင်ဘီဆီဗစ်က ၈၄မိနစ်တွင်ချေပဂိုးသွင်းယူနိုင်ခဲ့သော်
လည်း (၂-၁)ဂိုးဖြင့်သာ ပြိုင်ပွဲပြီးဆုံးခဲ့သည်။

ပွဲရလဒ်
အာဂျင်တီးနား ၂-၁ ဘော့စနီးယား

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment