Pages

Monday, June 16, 2014

သန္တိသုခတွင် ပီနန်ဆရာတော်ကြီးလမ်းညွှန်ချက်ဖြင့် ဖွင့်မည့် သာသနာပြုသင်တန်းကြော်ငြာ နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြ

RangonNewsDaily:: June . 16 .2014
အငြင်းပွားဖွယ်အခြေအ နေဖြင့် ချိတ်ပိတ်ခံခဲ့ရသည့်မဟာ သန္တိသုခကျောင်းတိုက်တွင် ပီနန် ဆရာတော်ကြီး၏လမ်းညွှန်ချက် ဖြင့် သာသနာပြုသင်တန်းဖွင့်လှစ် မည်ဟု မေလ ၁၅ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာများပါဝင်လာသဖြင့် လူအများ အံ့အားသင့်ခဲ့ရသည်။
ကျောင်းတိုက်ကို ညအ ချိန်ဝင်ရောက်စီးနင်းအပြီး ငါး ရက်အကြာတွင် ထွက်ပေါ်လာ သည့်အဆိုပါကြော်ငြာ၌ သင် တန်းအတွက် ဆက်သွယ်ရန်ထည့် သွင်းထားသည့် ဖုန်းနံပါတ်များ တွင်လူဝတ်လဲပြီးထိန်းသိမ်းခံ ထားရသည့် ဆရာတော်ဦးဥတ္တရ ၏ ဖုန်းနံပါတ်ပါဝင်ခဲ့ခြင်းကြောင့် လူအများအတွက် ပိုမိုအံ့အားသင့် စေခဲ့သည်။

အဆိုပါကြော်ငြာကို သ တင်းစာများတွင် ယခင်ကတည်း က ထည့်သွင်းခဲ့ဖူးကြောင်း၊ သုံး ကြိမ်သုံးခါထည့်ရန်သတင်းစာ တိုက်နှင့်သဘောတူထားသော ကြောင့် ထပ်မံဖော်ပြခံခဲ့ရခြင်း ဖြစ်ကြောင်း သင်တန်းအတွင်း ရေးမှူးဦးသိန်းဦးကပြောသည်။

‘‘သတင်းစာတစ်စောင်မှာ သုံးကြိမ်ထည့်ဖို့ စီစဉ်ထားတာ။ သုံးခါမပြည့်သေးလို့ ဆက်ပါနေ တာ’’ဟု သင်တန်းအတွင်းရေး မှူးဦးသိန်းဦးကပြောသည်။

မေလ ၁၅ရက်ထုတ်နိုင်ငံ ပိုင်သတင်းစာများတွင် ကြော်ငြာ များထည့်သွင်းထားသော်လည်း ယင်းသင်တန်းကိုရက်အကန့်အ သတ်မရှိ ရွှေ့ပြောင်းလိုက်ကြောင်း ဦးသိန်းဦးကပြောသည်။

‘‘(ပီနန်)ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်က နိုင်ငံခြားမှာရှိတဲ့ ကျောင်းတွေက မြန်မာဘုန်းကြီး တွေမရှိရင် သိမ်းခံရတာတွေရှိ တယ်။ နိုင်ငံတကာက မြန်မာ ကျောင်းတွေကို ထိန်းသိမ်းဖို့ရည် ရွယ်တာ’’ဟု ဦးသိန်းဦးကပြော သည်။ နှစ်နှစ်မှ လေးနှစ်အထိကြာ မြင့်မည်ဖြစ်ပြီး သံဃာတော်နှင့်သီ လရှင်များအတွက် ရည်ရွယ်သည့် အဆိုပါသာသနာပြုသင်တန်းသို့ စိတ်ဝင်တစား လာရောက် လျှောက်ထားမှုများရှိခဲ့ကြောင်း ဦးသိန်းဦးကပြောသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment