Pages

Friday, June 6, 2014

`ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒုဝန်ကြီးဆို´

RangonNewsDaily: June . 6 .2014
ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ် မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။

သို့သော် "ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှာ တာဝန်ထမ်းဆောင် လိုတဲ့ မည်သည့်အ
ရာရှိဝန်ထမ်းမဆို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့် ခေါ်ယူသော ရာထူးနေရာများအတွက်ဖြေဆိုေ
အာင်မြင်သူများကို သာခန့်ထားပါတယ်”ဟု၎င်းက ဆက်ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးဖေသန်းမေးမြန်းသော မေးခွန်းကို ၄င်းကယင်းသို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်
ခွင့်ပြုဖွဲ့စည်းပုံရှိသည့် အတိုင်းသာ ခန့်အပ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြုန်းတီးအင်အားနှင့် အသစ်တိုးအင်အားကို ချိန်ဆ၍ မွေးထုတ်ပေးလျက်ရှိပါကြောင်းနှင့် အစိုးရဝန်ထမ်း အဖြစ်ဆောင်ရွက် လိုခြင်းမရှိသော်လည်း ပြင်ပတွင်အခြားသောကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ဆောင်လိုသော ဆရာဝန်များ
လည်းရှိနေပါသည်ဟုဒုတိယ၀န်ကြီးက ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကအဆိုပါ မေးခွန်းနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို အမြင့်ဆုံးသတ်မှတ်ချက်ဖြင့်ဆေး တက္ကသိုလ်တက်ရောက်ခွင့်ရရှိခဲ့ကြသော ထူးချွန်ထက်မြက်သည့်အနာ
ဂတ်မျိုးဆက်သစ် လူငယ်များသည် ဆရာဝန်ဘွဲ့ရရှိအောင် ၆/၇ နှစ်ခန့်စာတွေ့နှင့်လက်တွေ့များကိုပါ
 သင်ကြားခဲံရကြောင်း၊၎င်းအပြင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ၊ အရည်အချင်းစစ်
စာမေးပွဲများဖြင့် ဦးရေ ကန့်သတ်ခေါ်ယူလျက်ရှိရာနှစ်ကြီးဘွဲ့ရကျောင်း သားများပင် လုပ်ငန်းခွင်မဝင်ရောက်နိုင်ဘဲ ရှိနေကြကြောင်း၊

လုပ်ငန်းခွင်သို့ဝင်ရောက်ခွင့်အတွက် ထပ်မံစစ်ဆေးခြင်းမှာဆရာဝန်ထုတ်လုပ်မှုများပြီး အလုပ်ခန့် အပ်နိုင်မှု နည်းခြင်း ကိုသက်သေပြနေပြီး နိုင်ငံ၏ အထက်မြက်ဆုံး လူငယ်၊ လူရွယ်များအနေဖြင့်လုပ်ငန်းခွင်သို့
ဝင်ရောက်နိုင်မှု ကန့်သတ်တားဆီးခံနေရပြီး အချိန်ဖြုန်းတီးသကဲ့သို့ ဖြစ်နေရခြင်းမှာ နိုင်ငံတော်
အနေဖြင့် လည်းကောင်း၊ဘွဲ့ရလူငယ်များအနေဖြင့် လည်းကောင်း အလွန်နစ်နာပါကြောင်းတို့ကိုပါ တင်ပြပြောဆိုခဲ့သည်။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment