Pages

Friday, June 6, 2014

ရန်ကင်းတီတီစီ ကျောင်းအုပ်ကြီးကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူသွားရန်ရှိ


RangonNewsDaily: June . 6 .2014
ယခုနှစ် ကျောင်းအပ်ရာသီတွင် ဖြစ်ပွားခဲ့သော ရန်ကင်း တီတီစီ ကျောင်းနှင့် ပတ်သတ်၍ ရန်ကင်း တီတီစီ ကျောင်းအုပ် ဆရာမကြီးအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ အပြစ်ကျူးလွန်ထားပါက ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ပညာရေး ၀န်ကြီးဌာန အနေနဲ့ ရန်ကင်း တီတီစီမှာ ကျောင်းအပ်နှံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရန်ကင်း တီတီစီ ကျောင်းအုပ် ဆရာမကြီးကိုတော့ စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်ပြီး အပြစ် ကျူးလွန်ထားရင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် လာဘ်ယူပြီး ကျောင်းအပ် လက်ခံခြင်း မဟုတ်ပဲ စည်းကမ်းချိုးဖောက်ပြီး ကျောင်းအပ် လက်မခံခြင်း ဖြစ်ကြောင်း၊ ထောက်ခံစာ ရေးပေးသူမှာ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ၀န်ကြီးဖြစ်ပြီး ကူညီပေးပါရန်ဟုသာ ရေးထားကြောင်း၊ အဆိုပါ ၀န်ကြီး ထောက်ခံရေးသား ပေးသည်မှာလည်း ၄ယောက်သာ ရှိကြောင်း၊
::
သို့သော် ကျောင်းအနီးတွင် နေသူကို လက်မခံသဖြင့် လက်ခံရန် ညွှန်ကြားပြီး ဖြစ်ကြောင်းနှင့် ယင်းနှင့်ပတ်သတ်၍ ပညာရေးဝန်ကြီး ထောက်ခံချက်ပါမှ ကျောင်းအပ် လက်ခံခြင်း၊ ကျောင်းများတွင် လာဘ်ယူပြီး ကျောင်းဝင်ခွင့်ပြုခြင်း သတင်းများ မီဒီယာ စာမျက်နှာပေါ်များတွင် ဖော်ပြလာခြင်းများ ရှိနေကြောင်းလည်း သိရသည်။

“လာဘ်ယူပြီး ကျောင်းအပ် လက်ခံတာကို တိုင်ကြားမှုများရှိရင်၊ စစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ပါတယ်၊ ၀န်ကြီးက မူဝါဒကိုသာ ကိုင်တွယ်ပြီး အုပ်ချုပ်ရေးပိုင်းကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက လုပ်ရမှာဖြစ်ပါတယ်”ဟု ၀န်ကြီးမှ ဆက်၍ ပြေကြားသွားခဲ့သည်။
::
ပညာရေး ၀န်ကြီးဌာနတွင် အုပ်ချုပ်ရေးပိုင်း ကိုင်တွယ်သူများ အလုပ်မလုပ် ညံ့ဖျင်း၍သာ ၀န်ကြီး ဖြစ်သူက ယခုကိစ္စများအထိ ကိုင်တွယ်နေရကြောင်းနှင့် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်လမ်း တီတီစီတွင် ယခုနှစ် ကျောင်းအပ်ရန် လျှောက်ထားသူ ၇၃၁ဦးသာ ရှိသဖြင့် အားလုံးကို လက်ခံနိုင်ခဲ့ကြောင်း၊ နာမည်ကြီး ကျောင်းများတွင် အပ်သဖြင့် စာတော်မည်ဟု အာမမခံနိုင်ကြောင်း၊ ယခုအခါ ပုဂ္ဂုလိက ကျောင်းများကိုသာ ပြည်သူများက ပိုမိုအားထား လာနေကြကြောင်းလည်း ၀န်ကြီးမှ ဖြေကြားသွားခဲ့သည်။

“ဒီနှစ်ကျောင်းအပ် ရာသီမှာ ကျောင်းအပ်ရတာတော့ အင်မတန်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်၊ ပိုက်ဆံလည်း တစ်ကျပ်မှ မကုန်ပါဘူး၊ တစ်ကယ်ပါ တစ်ဖြည်းဖြည်းနဲ့ ပိုပြီး အဆင်ပြေလာတယ်လို့ ထင်ပါတယ်၊
::
အခုက ကျောင်းအပ်ဖို့ထက် ကလေးတွေ အတွက် အ၀တ်အစား ၀ယ်ပေးရတာ၊ စာအုပ်ဖိုးလောက်ပဲ ကုန်ပါတော့တယ်၊ အရင်လို ကလေးကျောင်းအပ်ဖို့ ပူပန်နေရတာ မရှိတော့ပါဘူး” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းနေ တတိယတန်း ကလေးငယ်၏ မိခင်က သူမ၏ ကျောင်းအပ် အတွေ့ကြုံများကို ပြောပြခဲ့သည်။

Tomorrow News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment