Pages

Friday, June 6, 2014

သားအင်ဂျင်နီယာကြီးဖြစ်ချင်တယ်


RangonNewsDaily: June . 6 .2014
သားနာမည်က မောင်ကကြီးပါ။ သားအသက်က ၈နှစ်ပါ။ သားညီမလေးကတော့၅နှစ်ရှိပါပြီ။ သားကဒုတိယတန်း၊ ညီ
မလေးကမူလတန်း။ သားတို့ ကောင်းရောင်းကောင်းဝယ်လုပ်စားတာပါ။ 
အမေကကုန်စုံဆိုင်လေးဖွင့်ထားတယ်။ အဖေကစော်ဘွားကြီးကုန်းမှာအလုပ်ကြမ်းပေါ့။သားနဲ့ သားညီမလေးက ကျောင်း
အတူတက်တယ်။ သားတို့ အိမ်နဲ့  ကျောင်းနဲ့ ကလည်းဝေးတယ်လေ။ မုန့် ဖိုးဆိုတာရှားရှားပါးပါးပဲရဘူးတာပါ။ 

ကျောင်းမှာကအလှုငွေကြေး၊ ကွန်ပြူတာကြေး၊ တံမြက်စည်းဖိုး၊ ရေသန့် ဖိုး၊ဘုရားပန်းဖိုးတွေလည်းသားတို့ ကေ
ပးရသေး
တယ်လေ။ ဆရာမတွေကလည်း အသင်းကြေး၊ ဘင်ခရာကြေး၊အားကစားကြေးအစုံကောက်တာပေါ။ကျူရှင်မ
တက်နိုင်တော့အဆင့်က ဘိတ်ချီးပေါ့ဗျာ။ စာမေးပွဲကတော့အောင်ပါတယ်။ဒီနှစ်တော့သားကျောင်းမတက်ရတော့
ပါဘူး။
::
အဲဒီနေ့ မနက်ကပေါ့။အပေါ်ဝတ်အင်္ကျီဝတ်ထားပြီး ရင်ဘတ်တံဆိပ်တွေ၊လက်မောင်းအပတ်တွေပါတဲ့လူ
ထွားကြီး
 အယောက်၄၀လောက်လာတယ်။သားတို့ ရပ်ကွက်ကသာရေးနာရေးအမြဲဦးဆောင်တဲ့ ဦးလေးကြီးကို ဆွဲလားရမ်း
လားလုပ်တယ်။ ထိုးကြိတ်တာတွေပါလုပ်တယ်။

သားတို့ အိမ်တွေကနေမဖယ်ပေးရင်တစ်ရပ်ကွက်လုံးမီးတင်ရှို့  မယ်တဲ့။ သားတို့ မှာကြောက်လိုက်ရ

တာ။ ညီမလေးဆိုအဲဒီလူကြီးတွေပြောတာတွေကြားပြီး ကြောက်
လွန်းလို့ ရှုးတွေပါ ထွက်တယ်။ ဒီနေရာကတပ်ပိုင်မြေ၊ သားတို့ က ကျူးကျော်ရပ်
ကွက်၊ မြေသူခိုးတွေတဲ့။ သားတို့ မှာဘာအပြစ်ရှိလို့ လဲ။
::
သားအခုအမှိုက်ကောက်နေရတယ်လေ။အဖေကချောင်းဆိုးသွေးပါရောဂါနဲ့  ဆုံး
သွားပြီ။ အမေကတော့အခုအိမ်လှည့်ပြီး အ၀တ်လိုက်လျှော်တယ်။သားတို့ ငွေ
လိုပြီ။ အဖေကမရှိတော့ဘူး။ သားတို့  မောင်နှမမှ ရေသန့်  ဘူးထွက်မကောက်
ရင်ထမင်းပါနပ်မှန်မှာမဟုတ်ဘူးဗျ။ သားညီမလေးကသားနဲ့ အတူတူရေသန့်  ဗူး
ခွံတွေလိုက်ကောက်တယ်။ 

တစ်ရက်ကို ၁၅၀၀လောက်ရပါတယ်။ စည်ပင်နဲ့ တွေ့ လည်းဆဲခံရတယ်။ခွေးတွေ့ 
လည်းဟောင်ခံရတယ်။ မောင်နီတို့ အဖွဲ့ နဲ့ တွေ့ ရင်လည်း အနိုင်ကျင့်ခံရသေးတယ်။ သားတို့ ဘာလို့  အဲဒီလောက်ကံဆိုးတာလဲ။ 
::
အမေအလုပ်လုပ်တဲ့အိမ်တစ်အိမ်ကအဒေါ်ကြီးကတော့သဘောကောင်းတယ်
လို့  တော့အမေကပြောတယ်။သူကသားတို့ ကို သူတို့ အိမ်အရှေ့ ကွက်လပ်
မှာတဲလေးထိုးပြီးလည်းပေးနေတယ်လေ။သားကိုလ္ဘက်ရည်ဆိုင်တစ်ခု
မှာအလုပ်သွင်းပေးဦးမယ်တဲ့။

သားဒီနေ့ မနက်ရေသန့် ဘူးခွံကောက်ဖို့ ထွက်လာတုန်းသားအရွယ်ကောင်လေးတွေ ကောင်မလေးတွေတွေ့ တယ်။ သူတို့ အဖြူအစိမ်းတွေဝတ်ထားတယ်။ မှာသူတို့ 
အိမ်ကလူကြီးတွေလိုက်ပို့ တာတွေ့ ရတယ်။ 
::
သားသူတို့  လိုကျောင်းတက်ချင်တယ်။ 

သားအမှိုက်မကောက်ချင်ဘူး။ 

သားအင်ဂျင်နီယာကြီးဖြစ်ချင်တယ်။ 
::
သားငိုချင်လာတာနဲ့  ဘေးမှာရှိတဲ့ညီမလေးကိုကြည့်လိုက်တော့ လည်းငေးကြည့်ပြီး
မျက်ရည်လေးတွေကျနေတာတွေ့ ရတယ်။ 

ဒါနဲ့  သားငိုချင်ပေမယ့်မငိုတော့ဘူး။ သားတို့ ထမင်းနပ်မှန်ဖို့ အရေးကြီးတယ်။
::
သားဖြစ်ချင်တာလေးကတော့ သားကျောင်းတက်ပြီးအင်ဂျင်နီယာကြီးလုပ်ချင်တယ်။
သားတို့ မိသားစုသုံးယောက် ကိုယ့်အိမ်ကိုယ့်ယာလေးနဲ့ နေချင်တယ်။

သြော်.. မောင်ကကြီးလေးရယ် …

ကျောင်းနေအရွယ်ကလေးငယ်များကျောင်းနေခွင့်ရရေးဟာ ဘ၀အတွက်၊ တိုင်းပြည်
အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ ခံစားရေးဖွဲ့ သည်။

((မောင်ဥသြ)) ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment