Pages

Saturday, May 24, 2014

INVEST 92B အားအင် အပြည့်နဲ့....ဘယ်သွားမလဲ ???


RangonNewsDaily: May . 24 .2014
INVEST 92B သည် အနောက်မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားပြီး လပွတ္တာမြို့ အနောက်ဘက် မိုင် ၂၅ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၂၆ဝ ခန့်၊ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဝိဿာခါပတ္တနမ်မြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၄ဝခန့် သို့ ရောက်ရှိလာပါသည်။ GFS ကွန်ပျူတာမော်ဒယ်မှ လာမည့် ၆၃ နာရီ – ကြိုတင်ခန့်မှန်းချက်အရ INVEST 92B သည် အနောက်-အနောက်မြောက်ဘက် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊

မေလ ၂၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ အရှေ့ဘက် သြရိသပြည်နယ် ကမ်းခြေအနီး တွင် အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။
::
INVEST 92B လက်ရှိတည်နေရာမှ အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံ အရှေ့
ဘက်၊ သြရိသပြည်နယ်ကမ်းခြေသို့ ရွေ့လျားရာတွင် နာရီ ၇ဝ ခန့်ကြာမြင့်ဦး
မည်ဖြစ်ပြီး၊ မိုင် ၄ဝဝ ခန့် အကွာအဝေးအား ဘင်္ဂလားပင်လယ်အော် ပင်လယ်ပြင်ကို ဖြတ်သန်းရွေ့လျားရမည်ဖြစ်သဖြင့် ပိုမိုအားကောင်းလာနိုင်ခြင်း၊ လမ်းကြောင်းရွှေ့ပြောင်းသွားနိုင်ခြင်းတို့ ရှိ/မရှိ ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment