Pages

Saturday, May 24, 2014

ကလေး-ဖလမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၂၇/၄-၅)ကြားတွင် ယာဉ်ချောက်ထဲထိုးကျ၍ ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ

RangonNewsDaily: May . 24 .2014
၂၀၁၄ ခုနှစ်၊ မေ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟီယံဇိန်ရွာ၊ ကလေး-ဖလမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၂၇/၄-၅)ကြားတွင် ခရီးသည်တင်ယာဉ် ၁ စီး တိမ်းမှောက်ကြောင်း သတင်းအရ ထုတ်လှိုင်ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဖလမ်းမြို့မှကလေးမြို့သို့ ဖလမ်းမြို့နယ်၊ ဘွဲ့ခါး ကျေးရွာနေ ဗန်တွန်ထန်(၂၄)နှစ် မောင်းနှင်ပြီး ခရီးသည် ၁၁ ဦးတင်ဆောင်လာသည့် 3F/xxxx တောင်းအေ့စ်ယာဉ်သည် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနှင့် ဟီယံဇိန်ရွာကြားအရောက် လမ်း၏၀ဲဘက် ပေ ၁၀၀ ခန့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဗန်တွန်ထန် ပါ ကျား ၃ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၅)ဦးမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း(၇)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဗန်တွန်ထန်အား တီးတိန်မြို့မရဲစခန်း ယာဉ်(ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment