Pages

Saturday, May 24, 2014

လူပေါင်း တစ်သိန်းရှစ်ထောင်ကို မွတ်စလင်ဖြစ်ဖို့ စွမ်းဆောင်နိုင်ခဲ့တဲ့ ဟိန္ဒူဘာသာဝင်ဟောင်း


RangonNewsDaily: May . 24 .2014
မိရိုးဖလာ ဟိန္ဒူဘာသာဝင်တစ်ယောက်အဖြစ်မွေးဖွားခဲ့ပြီးနောက် အစ္စလာမ်ဘာသာကိုကူးပြောင်းဝင်လာခဲ့တဲ့ ဒီန်းမိုဟမ္မဒ်ရှိုခ်ဟာ ၁၉၈၉ခုနှစ်ကစတင်ပြီးတော့ အခုအချိန်ထိအောင် လူပေါင်း ၁၀၈၀၀၀ (တစ်သိန်းရှစ်ထောင်)ကို အစ္စလာမ်ဘာသာထဲကိုကူးပြောင်းနိုင်ဖို့ အတွက်စွမ်းဆောင်ကူညီနိုင်ခဲ့တယ်။

တုတ်ကောက်တစ်ချောင်းအမြဲဆောင်ထားပြီး အာရပ်တွေဝတ်ဆင်တတ်တဲ့ အနီ/အဖြူကြား အ၀တ်တစ်ထည်ကိုပုခုံးထက်မှာတင်ထားလေ့ရှိတဲ့ ဒီးန်မိုဟမ္မဒ်ဟာ အသက်၇၀ ရှိနေပါပြီ။ 
သူ့ ရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သတ်ပြီး Express Tribune သတင်းစာကြီးက မေးမြန်းတဲ့အချိန်မှာတော့ “ကျနော့်ရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးမွတ်စလင်တွေဖြစ်လာစေချင်တာပဲ၊ အစ္စလာမ်ဘာသာကိုချစ်မြတ်နိုးတယ်။ ဟိန္ဒူဘာသာဝင်အဖြစ်ရှိနေစဉ်က ကုရ်အာန်ကျမ်းမြတ်ကိုဖတ်ပြီးတော့နောက်ဆုံး ဘုရားပေါင်း ၃၆၀က ကျနော့်အတွက်ဘာမှအလုပ်မဖြစ်ဘူးဆိုတာ သဘောပေါက်လာပါတယ်”လို့ ရဲရဲဝံ့ဝံ့ ဖြေကြားခဲ့တယ်။
ကုရ်အာန်ကိုစတင်ဖတ်တဲ့အချိန်မှာတော့ လူမသိအောင်ခိုးဖတ်ခဲ့ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မွတ်စလင်တစ်ယောက်ယောက်သာ သူ့ လိုဟိန္ဒူတစ်ယောက်ကုရ်အာန်စာအုပ်ကြီးနဲ့ မြင်လိုက်ရင် ဒီလူဘာများလုပ်ကြံမလို့ လဲဆိုပြီးအထင်လွဲနိုင်တာကြောင့်ပါလို့ သူက ပြန်ပြောင်းပြောရှာတယ်။ 
လမြတ်ရမ်ဇန် (ဥပုသ်လ) မှာလည်း ရိုဇာကိုစပြီးစမ်းထားကြည့်တယ်။ တဖြည်းဖြည်းနဲ့ သူရဲ့ မိခင်ဖြစ်သူက ရှိုခ်တစ်ယောက်တခြားဘာသာတစ်ခုကိုစိတ်ဝင်စားနေပြီဆိုတာ ရိပ်မိသွားတော့တယ်။ ဒါနဲ့ မိခင်ဖြစ်သူက အကယ်လို့ ရှိုခ်ကို အိမ်ထောင်ချပေးလိုက်မယ်ဆိုရင် ဟိန္ဒူဘာသာကနေ ဘာသာပြောင်းမသွားနိုင်ဘူးလို့ ယူဆတာနဲ့ အသက်၁၅နှစ်သာရှိသေးတဲ့အချိန်မှာ ယောက်ျားလေး ၈ယောက်နဲ့ မိန်းကလေး၎ယောက်သာတတ်တဲ့ မင်္ဂလာဆောင်ကို တက်သုတ်ရိုက်ပြီး ကျင်းပပေးလိုက်တယ်။ 
အိမ်ထောင်ကျသွားပေမယ့် သူ့ ရဲ့ အစ္စလာမ်အပေါ်စိတ်ဝင်စားမှုက လျှော့သွားတာမရှိဘူး။ တဖြည်းဖြည်း တိုးသထက်သာတိုးလာတဲ့အတွက် ဆရာတစ်ပါးရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ သူ့ ရဲ့ ပထမဆုံးဆရာတစ်ပါးဖြစ်တဲ့ စိန်း မိုဟမ္မဒ် ဂျဂ်ဆီနဲ့ ဆုံဖြစ်သွားတယ်။ ဆရာစိန်းမိုဟမ္မဒ်က ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန်တော်မြတ် မိုဟမ္မဒ် (Peace Be Upon Him) ရဲ့ ရွှေနှုတ်တော်လာ ဟဒီးဆ်တော်များကို သင်ကြားပို့ ချပေးတဲ့ အာလင်မ်တစ်ပါးဖြစ်ပါတယ်။
မကြာခင်မှာပဲ ရှိုခ်အတွက်ကံကောင်းဖို့ ရာအကြောင်းတစ်ခုဖန်လာခဲ့တယ်။ ဘာလို့ လဲဆိုတော့ ရှိုခ်ရဲ့ ဦးလေးဖြစ်သူ အပါအ၀င်တခြားလူနှစ်ယောက်ကလည်း အစ္စလာမ်ဘာသာကိုစိတ်ဝင်စားနေတဲ့အတွက် သူတို့ တွေတစ်ယောက်နဲ့ တစ်ယောက် အားပေးနိုင်ခဲ့ကြတယ်။ 
အစ္စလာမ်ဘာသာကိုတရားဝင်ကူးပြောင်းပြီးတဲ့နောက်ပိုင်းမှာ သူအိမ်ခြံဝင်းတစ်ခုကိုပိုင်ဆိုင်လာခဲ့ပြီး မိသားစုကိုလည်း အစ္စလာမ်ဘာသာကိုကူးပြောင်းဖို့ အတွက် စတင်သိမ်းသွင်းခဲ့တယ်။ သူ့ ကိုငွေကြေးနဲ့ ဆွယ်သူအများအပြားလဲရှိလာခဲ့ပြီးအသုံးချဖို့ အတွက်ကြိုးစားတာတွေကြုံရတယ်။သူတို့ နေထိုင်ရာ မတ်လီးဒေသမှာ သကြားစက်တစ်ခုပိုင်တဲ့ ပါကစ္စတန်ဗိုလ်ချုပ်အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ စီကန်ဒရ် ဟာယသ်ဟာလည်း ရှိုခ်ရဲ့ အစ္စလာမ်ဘာသာဘက်ကိုဖိတ်ခေါ်တဲ့ ဒါအ်ဝဟ်လုပ်ငန်းမှာလိုအပ်ရင်သုံးစွဲနိုင်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုလုပ်မယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ 
သို့ ပေမယ့် ရှိုခ်ကပယ်ချခဲ့ပြီး သူ့ ကိုပေးမယ့်ငွေကြေးအစား အစ္စလာမ်ဘာသာထဲကိုအသစ်စက်စက်ကူးပြောင်းလာတဲ့ Ex-Hindu တွေကို အလုပ်အကိုင်တွေဖန်တီးပေးဖို့ အတွက်တောင်းဆိုခဲ့တယ်။ 
ရှိုခ်ကိုအဓိကကူညီတဲ့သူကတော့ အဲဒီအငြိမ်းစားဗိုလ်ချုပ်ကြီး ဟာယသ်ဖြစ်ပါတယ်လို့ ရှိုခ်ကပြောတယ်။ အလုပ်အကိုင်ဖန်တီးဖို့ တောင်းဆိုရတဲ့အဓိကအကြောင်းအရင်းကတော့ ဟိန္ဒူဘာသာထဲကနေ အစ္စလာမ်ကိုကူးပြောင်းလာသူတွေအတွက် ဟိန္ဒူကြီးစိုးတဲ့အသိုင်းအ၀ိုင်းမှာ အန္တရာယ်များစွာ ကြုံတွေ့ ရနိုင်ပြီး အလုပ်ပြုတ်ခြင်း၊ နှိပ်စက်ခံရခြင်းနဲ့ မိသားစုကကျဉ်ဖယ်ခြင်းတွေအပြင် အမျိုးမျိုးသော ဘေးဒုက္ခတွေရင်ဆိုင်ရနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ရှိုခ်ရဲ့ ဒါအ်ဝဟ်လုပ်ငန်းစဉ်ဟာ အောင်မြင်ကျော်ကြားလာတာနဲ့ အတူ အစ္စလာမ်ဘာသာကိုသင်ယူဖို့ အတွက်ရှိုခ်ဆီမှာလာရောက်သူတွေဟာ ဘလိုချီစ်တန်လို ဝေးလံတဲ့ဒေသတွေကပါ ပါဝင်ကြပြီး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံက လာရောက်နေကြတယ်လို့ သိရတယ်။ ရှိုခ်ပိုင်တဲ့နေအိမ်ခြံဝင်းလေးထဲမှာပဲ ဗလီပုံစံအဆောက်အဦးငယ်လေးတည်ဆောက်ပြီး အခန်းတွေကန့် ထားကာ ကလေးငယ်တွေကို နမားဇ်ဖတ်နည်းနဲ့ ကုရ်အာန်ကျမ်းတော်မြတ်ဖတ်နည်းကို သင်ကြားပြသပေးပါတယ်။
ကိုယ်တိုင်ကလည်း တခြားဘာသာကကူးပြောင်းလာသူတစ်ယောက်ဖြစ်တဲ့အားလျော်စွာ ဘာသာကူးပြောင်းလာသူတစ်ယောက်ရင်ဆိုင်ကြုံတွေ့ နိုင်တဲ့အခက်အခဲတွေကို ကောင်းကောင်းသဘောပေါက်နားလည်တဲ့အတွက် အကူအညီအများကြီးပေးနိုင်ခဲ့ပါတယ်။ အစ္စလာမ်ထဲကို ကူးပြောင်းလာသူတစ်ယောက်ကို ပထမဆုံးအနေနဲ့ မဖြစ်မနေလုပ်ဆောင်လိုက်နာရမယ့် အပိုင်းဖြစ်တဲ့ “ဖရ်ဇ်” တာဝန်ကိုသာကျေပွန်အောင်ထမ်းဆောင်ခိုင်းပါတယ်။ 
ဘာဖြစ်လို့ လဲဆိုတော့ တစ်ရက်ငါးကြိမ်နမားဇ်ဝတ်ပြုတာထက်ပိုပြီး ၀န်ပိအောင်စေခိုင်းလိုက်မယ်ဆိုရင် စိတ်မ၀င်စားတော့ပဲ ပြေးသွားမှာစိုးရိမ်မိလို့ ပါလို့  ရှိုခ်ကသူ့ ရဲ့ နည်းစနစ်ကိုရှင်းပြပါတယ်။
အစ္စလာမ်ဘာသာကိုကူးပြောင်းဖို့ အတွက် လူတွေကိုဖိတ်ခေါ်သူတစ်ယောက်အနေနဲ့ ရှိုခ်ဟာ အခက်အခဲနဲ့ ခြိမ်းခြောက်မှုပေါင်းစုံကိုရင်ဆိုင်ကျော်ဖြတ်ဖူးသူလည်းဖြစ်ပါတယ်။ တစ်ခေါက်ကဆိုရင် ရှိုခ်နဲ့ ရှိုခ်ရဲ့ ချွေးမကို ဟိန္ဒူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး အစ္စလာမ်ဘာသာထဲကိုကူးပြောင်းဖို့ မဖိတ်ခေါ်ရေးအတွက်ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ 
ဘယ်လိုပဲဖြစ်ဖြစ်၊ ရှိုခ်ဟာသူ့ အလုပ်ကိုလုပ်နေမြဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘာသာခြား ၁၀၈၀၀၀ ကို မွတ်စလင်ဖြစ်ဖို့ စွမ်းဆောင်နိုင်ခဲ့ပါပြီ။ မွတ်စလင်တွေအားလုံးကိုလည်း သူ့ ဆီကအတုယူဖို့ တိုက်တွန်းထားပါသေးတယ်။ 
ရှိုခ်ဟာ နှစ်စဉ်နှစ်တိုင်း သဗ်လီးဂ်ဂျမာအသ်စုဝေးမှုဖြစ်တဲ့ ရိုင်ဝန်ကိုလည်းပုံမှန်သွားရောက်ပြီး ဂျမာအသ်အလုပ်ကိုလုပ်ဆောင်သူလည်းဖြစ်ပါတယ်။ 
အစ္စလာမ်ဘာသာဝင်မွတ်စလင်တစ်ယောက်ဖြစ်တဲ့အားလျော်စွာ မွတ်စလင်အချင်းချင်း ညီရင်းအကိုစိတ် (Brotherhood) အပြည့်ထားသူဖြစ်ပြီး လူမျိုးရေးခွဲခြားဆက်ဆံမှုကို မုန်းတီးသူဖြစ်ပါတယ်လို့ ရှိုခ်ကကြွေးကျော်ပါတယ်။
(စတီဗင်) ဗမာစာသို့ ပြန်ဆိုသည်။
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment