Pages

Saturday, May 24, 2014

မလေးရှားနိုင်ငံထဲခိုးဝင်တဲ့မြန်မာခြောက်ဦး ဖမ်းဆီးခံရ


RangonNewsDaily: May . 24 .2014
မလေးရှားနိုင်ငံ ပီလောပီနန် ဆယ်ဘဲရန်းပယ်ရိုင်း ဒေသတွင် ယမန်နေ့ က မလေးရှားနိုင်ငံသို့ စက်လှေဖြင့် ခိုးဝင်ရန်ကြိုးပမ်းသော မြန်မာအမျိုးသား ခြောက်ဦးအားသက်ဆိုင်ရာကဖမ်းဆီးကြောင်း မလေးရှားနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ သတင်းတွင်ဖော်ပြပါရှိပါသည်။
ဒေသရဲမူးကြီး Mohd Yusof Abdullah က ဒေသအတွင်း ရဲတပ်ဖွဲ့ ၁၇ ဦးတို့က ကင်းလည့်စစ်ဆေးမူ့ ပြုလုပ်စဉ် အဆိုပါမြန်မာ ခြောက်ဦးမှာ ငါဖမ်း စက်လှေ ဝမ်းတွင်း ငါးသိုလှောင်ရာ ပုံးအတွင်း ပုန်းကွယ်ရာမှ ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုပါသည်။
::
အဆိုပါ ခြောက်ဦအား ပုဒ်မ ၁၉၅၉/ ၁၉၆၃ လူဝင်မူကြီးကြပ်ရေး အက်ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်းလည်းဖော်ပြပါရှိပါသည်။

Shwemyanmar media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment