Pages

Monday, April 7, 2014

ဗြိတိသျှကောင်စီမှ တစ်ဦးလျှင်အမေရိကန်ဒေါ်လာ ၄၁,ဝဝဝ ရနိုင်သည့် IELTS ပညာသင်ဆုများ ပေးမည်

RangonNewsDaily: April . 7 .2014
မြန်မာနိုင်ငံမှ ကျောင်းသားများအား နိုင်ငံတကာပညာရေးအတွေ့အကြုံပိုမိုရရှိစေရန် ၂၀၁၄ ခုနှစ်မှ စ၍ IELTS Scholarship များ နှစ်စဉ် ပေးသွားမည် ဖြစ်ကြောင်း ဗြိတိသျှကောင်စီ မှ သိရသည်။အဆိုပါ IELTS Scholarship မှာအမျိုးအစား နှစ်မျိုးရှိကာ ပထမတစ်မျိုးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ကျောင်းသား နှစ်ယောက်အား တစ်ဦးလျှင် စတာလင်ပေါင် ၂၅ဝဝ (အမေရိကန်ဒေါ်လာ ၄,၁ဝဝ ခန့်) အထိ ပေးသွားမည်ဖြစ်ပြီး အခြားဒုတိယတစ်မျိုးမှာ အရှေ့အာရှတွင် ရှိသော ကျောင်းသား နောက်ထပ် သုံးယောက်အား တစ်ဦးလျှင် စတာလင် ပေါင် ၂၅,ဝဝဝ (အမေရိကန်ဒေါ်လာ ၄၁,ဝဝဝ ခန့်) စီ ပေးသွားမည် ဖြစ်ပါသည်။
ပညာသင်ဆု ရရှိသည့် ကျောင်းသားများအတွက် ၎င်းတို့တက်မည့် ကျောင်းသို့ တိုက်ရိုက် ငွေကြေးပေးသွင်း ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ IELTS Scholarship လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (undergraduate)နှင့် ဘွဲ့လွန် (postgraduate) ပညာသင်ကြားမည့်သူ IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်ခံသော တက္ကသိုလ်တွင် တက်မည့်သူ အနည်းဆုံး IELTS overall band score 6 ရရှိသူIELTS စာမေးပွဲအား ဗြိတိသျှကောင်စီ တွင် ဖြေဆိုထားသူ ၂ဝ၁၄ ဇွန်လ ၂၇ မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှဝင်ခွင့်အထောက်အထား (acceptance letter) ကို ပြနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်းကိုလဲသိရသည်

Scholarship လျှောက်လွှာ နှင့် အသေးစိတ်အချက်အလက်များအား ဗြိတိသျှကောင်စီ ဝက်ဗ်ဆိုက် http://www.britishcouncil.org.mm/ielts-scholarship တွင် download ရယူနိုင်ပြီး ဖြည့်သွင်းပြီးသော လျှောက်လွှာများကို ၂၀၁၄ ဇွန်လ ၆ ရက် မတိုင်မီ ပေးပို့ပေးရမည် ဖြစ်သည်။

BritishCouncilMyanmar 
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment