Pages

Monday, April 7, 2014

မောင်းသူမဲ့လေယာဉ်များ တားဆီးရေးကို တောင်ကိုရီးယား စီစဉ်


RangonNewsDaily: April . 7 .2014
တောင်ကိုရီးယား စစ်တပ်က နိုင်ငံပိုင်နက်အတွင်း မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက်လာနိုင်သည့် အခြေအနေကို ဟန့်တားရေး အစီအမံများ မြှင့်တင် ဆောင်ရွက်ရန် သံဓိဋ္ဌာန် ချမှတ်လိုက်ကြောင်း သိရသည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံပိုင်နက်ထဲ ပျက်ကျလာသည့် မောင်းသူမဲ့ လေယာဉ်နှင့် ပတ်သက်ပြီး အလေးအနက် ကိုင်တွယ်ရန် ဆန္ဒရှိနေသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည်ဟု ယူဆရပြီး ယင်းလေယာဉ် ဝင်ရောက်ပျံသန်းမှုကို မထောက်လှမ်းနိုင်ခဲ့ခြင်းကြောင့် တောင်ကိုရီးယား၏ ဝေဟင်ပိုင်နက် လုံခြုံရေးအတွက် စိုးရိမ်စရာ အနေအထားမျိုးသို့ ဦးတည်လာခဲ့သည်။

ယခုအခါ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်ဂျင်သည် စစ်ဘက်ထိပ်တန်း ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးပြီး မောင်းသူမဲ့လေယာဉ် ဟန့်တားရေး အစီအမံများ မြှင့်တင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားသည် တစ်လမျှပင် မကြာသော အချိန်အတွင်း နိုင်ငံအနောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင် အမျိုးအမည်မသိ မောင်းသူမဲ့လေယာဉ် (၃)စင်းထိ စုဆောင်းရရှိခဲ့သည်။ ယင်းတို့အားလုံးသည် မြောက်ကိုရီးယားက လွှတ်တင်ခဲ့ခြင်းဟု ယေဘုယျ ယူဆထားသော်လည်း တိတိကျကျ လက်ဆုပ်လက်ကိုင် မပြသနိုင်ခဲ့ချေ။

မတ်လတွင် ပါဂျူ၌ ပထမဆုံး လေယာဉ်တစ်စင်း တွေ့ရှိခဲ့ပြီး ထို့နောက်တွင်မူ မြောက်ကိုရီးယားက လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေသည့် အချိန်အတွင်း တောင်ကိုရီးယားပိုင် နယ်စပ်ကျွန်းတစ်ခု၌ ဒုတိယတစ်စင်း တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ တနင်္ဂနွေနေ့က ပုံစံတူ မောင်းသူမဲ့ လေယာဉ် တတိယတစ်စင်းအား သိမ်းပိုက်ရရှိခဲ့ခြင်းဟုလည်း သိရှိရသည်။

Planet Myanmar Network , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment