Pages

Monday, April 7, 2014

၁က ၊ ၂က ကားဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်

RangonNewsDaily: April . 7 .2014
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း အပ်ကားများဖြစ်သည့် “အ” နှင့် “၁က”ကားများသည် ကျပ်သိန်းတစ်ရာဝန်းကျင် နှင့် “၂က” ကား များသည် ကျပ် ၉၀ သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး ဈေးနှုန်းများ ထပ်မံမြင့်တက် လာဖွယ်ရှိသေးကြောင်း ကား ဈေးကွက်အတွင်းမှ သိရှိရသည်။ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ယာဉ်အိုယာဉ်ဟောင်းအပ်နှံဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်းအတွက် ၂၀၁၄ ခုနှစ်အတွင်း မှတ်ပုံတင်သက်တမ်းနှစ်(၂၀) ကျော်လွန်သည့် “၁က” အက္ခရာ ယာဉ်ဟောင်းများအား ၄-၄-၂၀၁၄ တွင်လည်းကောင်း၊ “၂က ”အက္ခရာယာဉ်ဟောင်းများအား ၆-၁၀-၂၀၁၄ တွင်လည်းကောင်း အပ်နှံခွင့်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
“ ၁က တွေ ဈေးဆက်တက်ဦးမယ် ထင်တယ်၊ စလစ်ဈေးကတော့ သိပ်မလှုပ်ဘူး၊ နည်းနည်း ငြိမ်နေတယ်၊ ဒါပေမယ့် ဈေး သိသိသာသာ ကျမယ်တော့ မထင်ဘူး၊ ဘာပဲပြောပြော အရင် အ အက္ခရာတုန်းက အခြေအနေ ထက်စာရင်တော့ ကား ဈေးကွက် နည်းနည်းပြန်ငြိမ်သွားမယ် ထင်တယ်။” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစား ကိုကျားကြီးက ပြောသည်။

လက်ရှိ ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများသည် သိန်း ၁၁၆ သိန်း ၀န်းကျင်အထိ ဈေးနှုန်းရှိကြောင်း ကားဈေးကွက်မှ သိရသည်။

“ အခုကတော့ “၁က” တွေ ဈေးကွက်မှာ အရောင်းသွက်နေတယ်၊ စလစ်ဈေးက သိသိသာသာတော့ ထိုးကျ သွားတာမျိုး မရှိပေမယ့် ပါးပါးလေးတော့ ဈေးကျလာတယ်။အမှန်ဆို ကားဈေးကွက် ဂယက်မဖြစ်စေဖို့ အတွက် သက်ဆိုင်ရာတွေအနေနဲ့ ယာဉ်ဟောင်းလက်ခံမယ့် ရက်တွေကို ကြိုတင် တိတိကျကျ ကြေညာသင့် တယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစားတစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်တွင် ကြေညာချက်အရ ၂၀၁၄ အရောက်တွင် ယာဉ်ဟောင်းအပ်နှံသည့် စနစ်တွင် အက္ခရာအလိုက် လက်မခံတော့ဘဲ ယာဉ်သက်တမ်းအလိုက် လက်ခံတော့မည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်အထိ အဆိုပါစနစ်အား ကျင့်သုံးခြင်း မရှိသေးပေ။

မြတ်မိုးကျော် (မြစ်မခ) , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time