Pages

Monday, April 7, 2014

ဒီဗွီဘီသတင်းထောက်တဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်


RangonNewsDaily: April . 7 .2014
ဒီဗွီဘီသတင်းထောက် သူရသက်တင် (ခေါ်) ဦးဇော်ဖေနဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို မကွေးတိုင်း မကွေးမြို့နယ် တရားရုံးက ဒီကနေ့ နေ့လည်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးသိန်းထွန်းက ပြောပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှုအတွက် ထောင်ဒဏ် ၁ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂ နှစ် တပေါင်းထဲ ကျခံဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးဇော်ဖေရဲ့ ရှေ့နေဖြစ်သူကတော့ ကျူးလွန်တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်တဲ့အကြောင်း နဲ့ ခရိုင်တရားရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment