Pages

Friday, April 11, 2014

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဆင်နွှဲသူများ လိုက်နာရန် တိုက်တွန်းနှိုးဆော်ချက်


RangonNewsDaily: April . 11 .2014
(က) မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာ လူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် ဝတ်စားဆင်ယင်မှု၊ ပြုမူ ပြောဆိုမှုများ မပြုလုပ်ရန်။
(ခ) ယဉ်ကျေးမှုအဆုံးအမနှင့် ဖီလာဆန့်ကျင်သည့်အပြုအမူ၊ ပြောဆိုမှု များ မပြုလုပ်ရန်။

(ဂ) အချင်းချင်း ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေသည့် ကြမ်းတမ်းသော ရေကစားမှုများ မပြုလုပ်ရန်။

(ဃ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ဆူပူမှုကိုဖြစ်စေ နိုင်သည့် လှုံ့ဆော်ဖန်တီးပြုမူပြောဆိုမှု၊ ကြိုးပမ်းမှုများမပြုလုပ်ရန်။

(င) လေပေါင် (၁ဝဝ)မှ (၁၅ဝ)ထိ အတင်အချပြုလုပ်၍ရသည့် ကွန် ပရက်ဆာပန့်များဖြင့် ရေပက်ကစားခြင်းကြောင့် ရေစူးအားပြင်းထန် ၍ ရေပက်ခံသူတွင်အသားအရေများ၊ မျက်လုံးနှင့် နားများအား ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သဖြင့် ရေကစားမဏ္ဍပ်များ၊ ရေပက်ခံ ကားများတွင် ကွန်ပရက်ဆာပန့်များအသုံးပြု၍ ရေပက်ခြင်းမပြုရန်။

(စ) သင်္ကြန်ရေပက်ကစားခြင်းအား သင်္ကြန်ရက်များအတွင်း နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်းသာ ရေပက်ကစားရန်နှင့် ညနေ ၆ နာရီနောက်ပိုင်း ရေပက်ကစားခြင်း မပြုရန်။

(ဆ) သင်္ကြန်ကာလအတွင်း အရက်/ဘီယာများအား မော်တော်ယာဉ် များဖြင့် လှည့်လည်ရောင်းချခြင်း၊ ရေကစားမဏ္ဍပ်များအနီးနှင့် အခြားနေရာများတွင် တရားမဝင် ရောင်းချခြင်းများ မပြုလုပ်ရန်။

(ဇ) တားမြစ်ချက်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရ မည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
The Mirror Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment