Pages

Friday, April 11, 2014

ရခိုင်ပြည်နယ် စစ်တွေ၌ ညမထွက်ရအမိန့် ထပ်မံလျှော့ပေါ့

RangonNewsDaily: April . 10 .2014
၂၀၁၄ခုနှစ် မတ်လ ၂၇ရက်က ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ကို ဧပြီလ ၉ရက်မှစ၍အချိန်ပြောင်းလဲ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။“ဟုတ်ပါတယ် မနေ့ကဘဲ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကထုတ်ပြန်လိုက်ပါပြီ အရင်
သတ်မှတ်ထားတဲ့ အချိန်ထက် ထပ်မံလျှော့လိုက်တာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှအရာရှိတစ်ဦးကပြောသည်။
စစ်တွေမြို့နယ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းကြောင့် မတ်လ၂၇ရက်မှစ၍ ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နောက်
တစ်နေ့ငါးနာရီအတွင်း သွားလာခြင်းမပြုရန်ထုတ်ပြန်ခဲ့ရာ ဧပြီလ ၉ရက်တွင် ညနေ ၉နာရီမှ နံနက်၅နာရီထိ လျှော့ပေါ့ သတ်မှတ်
လိုက်ခြင်းဖြစ်သည်။

“၆နာရီဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး၊သွားလာရတာက အစပေါ့၊အခုသင်္ကြန်ကာလလည်း ရှိလာတော့ ၉နာရီ သတ်မှတ်

လိုက်တာ ကောင်းပါတယ်”ဟုစစ်တွေဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင်ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်မှာ မတ်လ ၂၇ရက်က လူတစ်စုကအိုင်အမ်ဂျီအို အဆောက် အဦးများကို

ဖျက်ဆီးမှုကြောင့် အဆိုပါနေ့၌ပင်ညမထွက်ရအမိန့်ကို ထပ်မံ၍ ချက်ချင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“အလုပ်နောက်ကျလို့ပြန်လာရင် စိုးရိမ်ရတယ် လမ်းမပေါ်မှာရဲတွေ မြင်ရင်ဖမ်းမှာဆိုးလို့ ထွက်ပြေးရတယ်” ဟု စစ်တွေမြို့ မင်းဂံရပ်

ကွက်မှလက်သမားတစ်ဦးက ပြောသည်။

မတ်လ (၂၆)နှင့် (၂၇)ရက်တို့တွင် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များ၌ ပါဝင်ပတ်သက်သူ (၁၂)ဦးကို ဖမ်းဆီး

ထားသည်ဟု စစ်တွေမြို့နယ်အမှတ်(၁)ရဲစခန်းမှ သိရှိရသည်။

(မြစ်မခ) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment