Pages

Thursday, April 10, 2014

ထောင် ၆ နှစ် ချခံခဲ့ရသည့် သရုပ်ဆောင် ရဲတိုက်အတွက် အယူခံဝင်မည်

RangonNewsDaily: April . 10 .2014
ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ဒဏ်ခြောက်နှစ်ချခံရသော သရုပ်ဆောင်ရဲတိုက်၏ အမှုအား အယူခံဝင်သွားမည်ဟု ဒါရိုက်တာ ရီဇော်က ပြောသည်။“သူ့အမှုကို ကျောက်တံခါးမြို့နယ် တရားသူကြီးနဲ့အမှုစစ်တာ ၁၀ လ လောက်ကြာတယ်။ ပြီးတော့ တရား သူကြီးတစ်ယောက်ပြောင်းသွား တယ်။ ဧပြီ ၂ရက်နေ့မှာ ရုံးချိန်းမှာ ဘာပြောလဲဆိုတော့ အခုမှ အမှုတွဲက သူ့လက်ထဲရောက်တာတဲ့။ အဲ့တော့ အမှုကို ၇ ရက်နေ့ပြန်ချိန်းလိုက် တယ်။ လေးငါးရက်တော့ အမှုကို စစ်ကြည့်မယ်ပေါ့။
ပြီးတော့ ထောင်ခြောက်နှစ်ချလိုက်တယ်။ အချိန်က အရမ်း တိုတောင်းလွန်းနေတယ်”ဟု ဒါရိုက်တာ ရီဇော်က ပြောသည်။

ရဲတိုက်အပေါ် ထောင်ဒဏ်ချမှတ်မှုအပေါ် ရဲတိုက် ဖခင်မှ အယူခံဝင်မှုကို သင်္ကြန် အပြီးတွင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀ိုင်း ၀န်းအကူညီပေးနေသော ဒါရိုက်တာ ရီဇော်က ပြောသည်။

ရဲတိုက်သည် မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)ဖြင့်ယခုလ ၇ ရက်နေ့တွင် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံခဲ့ရသည်။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment