Pages

Thursday, April 10, 2014

သရုပ်ဆောင်အမျိုးသမီးသစ်နှင့် လေဆာဝေါကုမ္ပဏီ အပြန်အလှန်တရားစွဲရန် ပြင်

RangonNewsDaily: April . 10 .2014
ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ကာ ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းဖြင့် သံကြိုးချည်ခံခဲ့ရသူ သရုပ်ဆောင်အမျိုးသမီးသစ်မှာ ပြန်လည်လွတ်မြောက်သွားပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန် တရားစွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ရိုက်ကူးခြင်းမပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲဇာတ်ညွှန်းမိတ္တူအပိုင်းအစပျောက်ဆုံးမှုဖြင့် ခိုးယူမှု ပုဒ်မ ၃၈၁ ဖြင့် အမှု ဖွင့်ခံခဲ့ရသည့် သရုပ်ဆောင်မဆုဆုအောင်သည် မတ်လ ၁၆ ရက်မှ ၂၈ ရက်အထိ ၁၃ ရက်ကြာ ဖမ်း ဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် ခိုးမှုမမြောက်သောကြောင့် တရားရှင်လွတ်မြောက်လာသည်။
‘‘အခုနေပြည်တော်က စစ် ဆေးခိုင်းလို့ဆိုပြီး ရန်ကုန်တိုင်းရဲ ရုံးမှာ ရဲမှူးတစ်ယောက်က ကာ ယကံရှင်၊ အဖေ၊ အမေနဲ့ ကျွန် တော်တို့ လေးယောက်ကို ခေါ်စစ် ပြီးပြီ။ ရဲစခန်းက ရဲတွေရော၊ တ ရားလိုဘက်တွေရော စစ်ဆေးနေ တယ်။ ဒီလိုမတရားခံရတာကို ကျွန်တော်တို့က ငြိမ်ခံနေမှာမ ဟုတ်ဘူး။ ဖြစ်ဖြစ်ချင်း မသိလို့ ခံလိုက်ရတာ’’ ဟု မဆုဆုအောင် က ပြောသည်။

‘‘သိမ်မွေ့စွာငြိတွယ်ခြင်း’’ အမည်ဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန် ဇာတ်လမ်းမှာ LASER WORLD ကုမ္ပဏီပိုင်ဇာတ်လမ်း ဖြစ်ပြီး ယင်းဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် အလုပ်ခန့်ထား ခြင်းခံရသည့် မဆုဆုအောင်က အလုပ်ထွက်သွားပြီးနောက် ဇာတ် ညွှန်းမိတ္တူကို ပြန်မပေးသော ကြောင့် ခိုးမှုဖြင့် တရားစွဲခဲ့ခြင်းဖြစ် သည်။

သရုပ်ဆောင်အမျိုးသမီး သည် ၂၀၁၃ ခုနှစ်တွင် အလုပ် စ၀င်ပြီးနောက် သရုပ်ဆောင်ရန် ဇာတ်ညွှန်းဖတ်၍ လေ့ကျင့်နေစဉ် ၀န်ထမ်းလုပ်သက် ခြောက်လအ ကြာ၌ စာချုပ်မပြည့်ဘဲ အလုပ် ထွက်ခဲ့သည်။ ထို့ကြောင့် နှစ်လစာလျော်ကြေးပေးခဲ့ကာ ၂၀၁၃ သြ ဂုတ် ၈ ရက်တွင် အလုပ်ထွက်ကာ ချစ်သူနောက်သို့ ခိုးရာလိုက်ခဲ့ခြင်း ဖြစ်ကြောင်း မဆုဆုအောင်၏ ခင် ပွန်း ကိုဖြိုးအောင်ဝင်းက ပြော သည်။

အလုပ်ထွက်ပြီး ငါးလကြာသည့် ဒီဇင်ဘာတွင် ဇာတ်ကားရိုက်ရန် စီစဉ်သောအခါ ဇာတ်ညွှန်းမူရင်းနှင့် မိတ္တူတစ်စုံသာရှိပြီး မိတ္တူတစ်စုံပျောက်နေ၍ မဆုဆုအောင်ထံ ပြန်တောင်းသောအခါ ဟန်းနီးမွန်းထွက်နေသောကြောင့် အိမ်မှလူများက ပြန်လာပေးမည်ဟုဆိုသည်။ ထို့ နောက် ပြန်ပေးရန် ရှာမတွေ့တော့ဘဲ ဇာတ်ညွှန်းစာအုပ်ခြစားသွားသည်ဟုဆိုသောကြောင့် ကုမ္ပဏီ၏ စီမံရေးရာမန်နေဂျာက တရားလိုပြုကာ မဆုဆုအောင်ကို ခိုးမှုဖြင့် တရားစွဲလိုက်ကြောင်း လေဆာဝေါကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း (အောင်ကျော်သူရ)က ပြောသည်။

‘‘လောလောဆယ်တော့ အဲ ဒီအကြောင်းတွေကို ဖေ့စ်ဘွတ်ခ် မှာတင်တဲ့ အဆိုတော် Cobra ကို ပုဒ်မလေးခုနဲ့ အမှုနှစ်မှုဖွင့်လိုက် တယ်။ ဆဲဆိုတာ၊ ခြိမ်းခြောက် တာ၊ အသရေဖျက်တာကို (ပ) နံပါတ်တစ်ခု၊ အီလက်ထရွန်နစ် ဥပဒေနဲ့ (ပ) နံပါတ်တစ်ခု အမှု ဖွင့်လိုက်ပြီ။ အဲဒီကောင်မလေးကို တော့ တခြားပုဒ်မနဲ့ ပြန်စွဲဖို့ လုပ် နေတယ်’’ ဟု ဦးအောင်ကြူဟိန်း က ပြောသည်။

အဆိုတော် Cobra က မဆု ဆုအောင်အမှုနှင့်ပတ်သက်၍ ဓာတ်ပုံနှင့်တကွ လူမှုကွန်ရက် စာ မျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ် သည်။

သရုပ်ဆောင်အမျိုးသမီး သည် မတ်လ၁၅ ရက်တွင် ကျောက်တံတားမြို့မရဲစခန်းတွင် အချုပ် ကျနေကာ မတ်လ ၂၁ ရက်တွင် ရန်ကုန်ဆေးရုံကြီး ဆေးကုသ ဆောင်တွင် ဆေးရုံတက်ခဲ့ပြီး နောက် မတ် လ၂၆ ရက် နံနက်တွင် ဆေးရုံမှ ဆင်းရကာ ရဲအချုပ်ခန်း သို့ ပြန်ရောက်ခဲ့သည်။

မတ် ၂၈ ရက် ရုံးချိန်တက်ကာ ဒုတိယ ရ မန်ယူပြီးနောက် ရဲစခန်းသို့ ပြန် ရောက်သောအခါ ဥပဒေအရာရှိ က ယင်းအမှုမှာ ပုဒ်မ-၃၈၁ မမြောက်၍ ရဲအရေးမပိုင်သည့် အလွဲသုံးစားမှုဆိုင်ရာ ပုဒ်မ-၄၀၃ ဖြင့်သာ တရားရုံးသို့ ဦးတိုက် လျှောက်သင့်ကြောင်း တင်ပြခံရ သည်။

ထိုအခါ မဆုဆုအောင် ကို စွဲဆိုထားသော အမှုမှ တရားရှင် လွှတ်လိုက်သော်လည်း အချုပ်ချ ထားစဉ်နှင့် ဆေးရုံတွင်တင်ထား စဉ် သံကြိုးခတ် ချုပ်နှောင်ခံခဲ့ရ သောကြောင့် ကျောက်တံတားမြို့ မရဲစခန်းမှ တာဝန်ရှိသူများကို ရန် ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း ယင်းအမှု၏ အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘တရားရုံးကိုရောက်တော့ အဲဒီပြစ်မှုမမြောက်လို့ ရဲအရေးမ ပိုင်တဲ့ ပုဒ်မနဲ့သာ တရားရုံးကိုပဲ ဦးတိုက်လျှောက်ကြဖို့ ဆုံးဖြတ် လိုက်လို့ သူ့ကို လွှတ်ပေးလိုက် တယ်။ အဲဒီကိစ္စက အင်တာနက်တွေမှာလည်း တက်သွားတော့ အား လုံးကို တိုင်းရဲရုံးက ခေါ်စစ်နေ တယ်။ 


ကျွန်တော်တို့က ထွက်ဆို ချက်တွေ ပေးရတာပေါ့။ ကျွန် တော်တို့တွေ အရေးယူခံရမလား ဆိုတာတော့ အဲဒီလိုပြောလို့ မရ သေးဘူး။ ကိုယ့်လူကြီးပေါ် မူ တည်တယ်။ အတိအကျမသိရ သေးဘူး။ စခန်းမှူးက တခြားကို ပြောင်းသွားရတယ်’’ ဟု ယင်းအမှု ကို လက်ခံစစ်ဆေးခဲ့သည့် ကျောက်တံတားမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

7daynews , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment