Pages

Wednesday, March 12, 2014

သမီးဖြစ်သူကို ပညာရေးပိုင်းမှာထူးချွန်စေချင်တဲ့ အိန္ဒြာကျော်ဇင်


RangonNewsDaily: March . 12 .2014
ပြေတီဦးပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေ ပဒေသာကပွဲကို မန္တလေးမှာ အောင်မြင်စွာကျင်းပနိုင်ခဲပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုအထူးရရှိခဲ့တဲ့ အပေါ်ဝမ်းသာပီတိဖြစ်ရကြောင်း အိန္ဒြာကျော်ဇင်ကပြောပါတယ်။" ဒီပွဲကို အစအဆုံးပြေတီဦး ကိုယ်တိုင်စီစဉ်တာဖြစ်ပြီး အဲဒီရက်ပိုင်းအတွင်း တအားပင်ပန်းပေမယ့်ပွဲကြီးကျင်းပတဲ့အချိန်မှာရုံပြည့်ရုံလျှံအားပေးကြသလို၊လက်မှတ်မရလို့အပေါ်တက်ကြည့်ချင်တဲ့ သူတွေကလည်း ပြည့်ကျပ်နေတာ ကို မြင်တွေ့ရတာကြောင့်ပင်ပန်းရကျိုးနပ်တယ်" လို့ ပြောပါတယ်။

ဒီပဒေသာကပွဲမှာ အိန္ဒြာကျော်ဇင်က ရာဇာနေဝင်း၊ ဟေမာနေဝင်းတို့နဲ့အတူ သီချင်းသီဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်တွေကို စင်ပေါ်တက်ပြီး သီချင်း မဖျော်ဖြေခင်မှာ ကြောက်စိတ်တွေဖြစ်ပေါ်နေ ကြောင်းကိုအိန္ဒြာကျော်ဇင်က " ဒီပွဲမှာ သီချင်းအစီအစဉ်လေးမှာ ထည့်ထားတာ တစ်ယောက်တည်းလည်း မဆိုရဲဘူး။ မောင်နှမ ၃ ယောက်ဆိုတော့ အားလည်းရှိတယ်။ မောင်နှမ ၃ ယောက် ဆိုတဲ့ အစီအစဉ်လေးက မဟေမာ အခွေတုန်းက တစ်ခါပဲဆိုထား တယ်။

အဲဒီတုန်းကလည်း ပရိသတ်က ကြိုက်ထားတော့ အဲဒီအစီအစဉ်လေး
ကိုထပ်ထည့်ဖြစ်တာပါ။ စင်ပေါ်ကိုမတက်ခင်တော့ တအားကြောက်တယ်။ ဒါပေမဲ့ ပရိသတ်ရှေ့ ရောက်သွားတော့ ပရိသတ်တွေရဲ့ချစ်တဲ့စိတ်နဲ့ တောက်လျှောက်လက်ဆောင်တွေ၊ ပန်းစည်းတွေ၊ အ ရုပ်တွေ၊ ဆုတော်ငွေ တွေလာပေးကြတော့ အူဝဲရဲ့ကြောက်စိတ်တွေပြေသွားတယ်" လို့ ပြောပါ တယ်။

အိန္ဒြာကျော်ဇင်က စင်ပေါ်မှာ သီချင်းဆိုရမှာကြောက်ပေမယ့် သမီးလေး ပြေသုဒြာကတော့ စင်ပေါ်မှာ သီချင်း၂ ပုဒ်ကို ချောချောမောမော သီဆိုသွားတာတွေ့ရတဲ့အတွက် အံ့သြမိကြောင်း ပြောပါတယ်။

" အမေနဲ့တခြားစီပဲ။ အံ့တွေသြနေတာ။ ကိုယ်က ကြောက်တတ်သလောက် သူက စင်ပေါ်မှာ မကြောက်ဘူး။ အိမ်မှာတော့ သမီးလေးမန္တလေးမှာ ဖျော်ဖြေပွဲ သွားလုပ်မယ်။

သမီးလေးလည်း ဖေဖေနဲ့အတူ စင်ပေါ်တက်မယ်နော်။ အလှူတော်ငွေ လက်ခံတဲ့ နေရာမှာသမီးလေး လိုက်ထွက်ရမယ်နော်ဆိုတော့ ထွက်မယ်တဲ့ သူ့အဖေက သမီးလေးဘာလုပ်ပြဦးမလဲဆိုတော့ သုသုကလေ ပရိသတ်တွေ ကိုသီချင်းဆိုပြမယ်။ ပုံပြောပြမယ်တဲ့။ ဒါပေမဲ့ သူကစတိတ်ပေါ်ကို တစ်ခါမှ လည်း တက်ဖူးတာမဟုတ်ဘူး။

ကလေးလည်းဖြစ်တော့ လျှောက်ပြောနေတယ်ပဲထင်တာ။ တကယ့် တကယ် စင်ပေါ်ရောက်တော့ လုံးဝမကြောက်ဘူး။ သီချင်းတောင် ဆိုနေလိုက်သေး တယ်။

သူကသီချင်း တအားကြိုက်တာ။ ဗိုက်ထဲမှာထဲက အူဝဲသီချင်းတွေ တအား နားထောင်တော့ အဲဒါကြောင့်လည်း ပါမယ်ထင်တယ်။ ဒီနေ့ဒီအချိန်ထိလည်း အိပ်ရင်သီချင်းဆိုပြီးသိပ်တော့ အဲဒါတွေနဲ့ဆိုင်မလားတော့မသိဘူး။ သီချင်းစာသားတွေကို လည်းအလွတ်ရနေတယ်။ အူဝဲတို့တောင်မမှတ်နိုင်ဘူး။ လူကြီး၂ ခေါက်၊၃ ခေါက်လောက် ဆိုပြရင်သူအလွတ်ရသွားပြီ။ သီချင်း ဘက်မှာ talent တော့ပါမယ်လို့ ထင်တာပါပဲ" လို့ပြောပါတယ်။ 

သီချင်းသီဆိုခဲ့တဲ့ ပြေသုဒြာကို ပရိသတ်တွေက တအားသဘောကျ နှစ်သက် ခဲ့ကြပြီး ဒီပွဲကိုမကြည့်လိုက်ရတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေက လည်း ပြေသုဒြာသီချင်းသီဆိုတာကို ကြည့်ချင်တာကြောင့် အွန်လိုင်းပေါ်မှာ Video file တင်ပေးဖို့တောင်းဆိုသလို၊ အခွေတွေလည်း လိုက်ရှာပြီး ဝယ်ယူ နေကြကြောင်း သိရပါတယ်။ အသက်၂နှစ်နဲ့ ၂ လသာ ရှိသေးတဲ့ သမီးလေး ပြေသုဒြာက သီချင်းတွေကို တအားကြိုက်နှစ်သက်နေပြီးသီချင်းဘက်မှာ talent ရှိနေတဲ့ အပေါ်ဘယ်လိုပံ့ပိုးပေးမလဲလို့မေးတော့ အိန္ဒြာ ကျော်ဇင်က...

" ဖြစ်နိုင်ရင်တော့ အူဝဲက မလုပ်စေချင်ဘူး။ အူဝဲတို့က ကိုယ်တိုင်လုပ်ခဲ့တဲ့သူ၊ ကိုယ်တိုင်ခံစားရတဲ့သူဆိုတော့ သိတယ်လေ။ အနုပညာသမားဆိုတာက သူများထက် ကံကောင်းတာက သူ့ကိုလူတွေအများ ကြီး ချစ်ကြတယ်။ လူတွေအများကြီး ချစ်ခင်မှုရဖို့ဆို တာ တော်ရုံတန်ရုံရတာ မဟုတ်ဘူးလေ။ ဒါကောင်းပါတယ်။ ချစ်ကြတဲ့အပေါ်မှာ တစ်ဖက်က ပြန်ပေးဆပ်ရတာတွေရှိ တယ်။

သာမန်လူကို လွတ်လွတ်လပ်လပ်ကိုယ်လုပ်ချင်တိုင်း၊ ကိုယ်သွားချင်တိုင်း လုပ်လို့မရဘူး။ celebrity ဖြစ်ရင် ထိန်းချုပ်ရတာတွေရှိတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းတအားဖြစ်တယ်။ အဲဒါမျိုးကို သူ့ကို မခံစားစေချင်ဘူး။ သူ့ကိုတော့ ဘဝမှာ ပေါ့ပေါ့ပါးပါး လေးဖြတ် သန်းစေချင်တယ်။

ပညာရေးပိုင်းမှာ ထူးထူးချွန်ချွန်လေးနဲ့ သာမန်လူတစ်ယောက်လိုပဲ ဖြတ်သန်းစေချင်တယ်။ ဒါပေမဲ့ သူ့ရဲ့ပါရမီကိုလည်း မမြင်ရသေးဘူး။ သူ့ရဲ့ကံကို လည်း မမြင်ရသေးဘူး။ သူအနုပညာ အားကောင်းပြီး ဝါသနာတအားပါရင်တော့ ကိုယ်အကောင်းဆုံးပံ့ပိုးပေးရမှာပေါ့" လို့ ပြောပြီး သမီးလေးကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်မိကြောင်း
အိန္ဒြာကျော်ဇင်က ပြောပါတယ်။

Popular Journal , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment