Pages

Wednesday, March 12, 2014

တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်တွင် ရဟန်းတစ်ပါး ကြိုးဆွဲချပြီး ပျံလွန်တော်မူ

RangonNewsDaily: March . 12 .2014
၁၂.၃.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်ခန့်တွင်တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည်တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းဝင်း၌ သံဃာတစ်ပါး ကြိုးဆွဲချပျံလွန်တော်မူကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အဆိုပါကျောင်းနေအရှင်အဂ္ဂသာရ(၃၇)နှစ်(လူအမည် ဦးခင်မောင်ထွေး)
ဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ အသစ်ဆောက်လုပ်ဆဲဆွမ်းစားဆောင်တွင် တပ်ဆင်ထားသောအမြင့်(၁၃)ပေခန့်ရှိငြမ်းစင်၌ သင်္ဃန်းစချည်ကာ လည်ပင်းတွင်စွပ်ပြီး ရပ်လျှက်အနေအထားမျိုးဖြင့်အခြားပြင်ပဒဏ်ရာ
မရှိဘဲ ပျံလွန်တော်မူနေသည်ကို တွေ့ရှိရပါသည်။ 

ဖြစ်စဉ်အားစုံစမ်းရာ အရှင်အဂ္ဂသာရသည် လွန်ခဲ့သော (၁၇)နှစ်ခန့်က ရဟန်းဝတ်ခဲ့ပြီး စိတ်ကျရောဂါနှင့် စိတ်ဝေဒနာခံစားခဲ့ရ၍ ၂၀၁၃ခုနှစ်၊ ဇူလိုင်လကလူဝတ်လဲကာဆေးကုသခဲ့ရကြောင်း၊ ၇.၃.၂၀၁၄ ရက်နေ့တွင် ရဟန်းပြန်ဝတ်ခဲ့ကြောင်း၊ ၁၀.၃.၂၀၁၄ရက်နေ့တွင် စိတ်ကျန်းမာရေးအတွက် ထပ်မံဆေးကုသခဲ့ရကြောင်း၊ ကျောင်းနေသံဃာများနှင့်
လည်းသင့်မြတ်စွာနေထိုင်တတ်သည့် ရဟန်းတစ်ပါး ဖြစ်ကြောင်း၊ ၀၄၀၀အချိန်ခန့်က ကြိုးဆွဲချပျံလွန်တော်မူနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ အရှင်အဂ္ဂသာရပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၄) ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment